ပို့ကုန်ဝင်ငွေအများဆုံးရရှိခဲ့သည့်စက်မှုကုန်ချော တင်ပို့မှု တစ်ဘီလီယံကျော်လျော့ကျနေ

0
115

ပြည်ပသို့ တင်ပို့သည့် ပို့ကုန်များထဲမှ ဝင်ငွေအများဆုံးရရှိသည့် စက်မှုကုန်ချော တင်ပို့မှုသည် ယခင်ဘဏ္ဍာနှစ်ကထက် တစ်ဘီလီယံကျော် လျော့ကျနေကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၉) ရက်အထိ ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဒဿမ ၈၂ ဘီလီယံကျော်ရရှိထားကြောင်း  စာရင်းများအရ သိရသည်။

အဆိုပါ ပို့ကုန်ရ‌ငွေ ပမာဏမှာ ပြီးခဲ့သည့်နှစ် ကာလတူ နှင့် နှိင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈ ဘီလီယံကျော်လျော့ကျခဲ့ခြင်းဖြစ်ကြောင်း စီးပွားကူးသန်းဝန် ကြီးဌာန၏ စာရင်းများအရ သိရသည်။

ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုတွင် ကဏ္ဍအလိုက် တင်ပို့မှုအနေဖြင့် ပုဂ္ဂလိကကဏ္ဍ တင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၉၂ ဘီလီယံကျော်နှင့် နိုင်ငံပိုင်က ဏ္ဍတင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒဿမ ၈၉ ဘီလီယံကျော် ရရှိခဲ့ခြင်းဖြစ်သည်။

စက်မှုကုန်ချောတင်ပို့မှုတွင် ချုပ်ပြီးအထည်တင်ပို့မှု၊ သကြား၊ သဘာဝဓာတ်ငွေ့နှင့် အခြားစက်မှုကုန်ကြမ်း ပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိက ပြည်ပပို့ကုန် (၁၀) မျိုးတွင် စက်မှုကုန်ချောတစ်ခုဖြစ်သည့် ချုပ်ပြီး အထည်တင်ပို့မှုသည် ပထမနေရာတွင် ရှိနေပြီး အခြားစက်မှု ကုန်ချောပစ္စည်းများဖြစ်သည့် သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့အစရှိသည့် ကုန်ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here