မင်းကင်း စစ်ဘေးရှောင် ပြည်သူ (၃၅၀) အတွက် စားနပ် ရိက္ခာများ လိုအပ်နေ

0
130

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ (၃၅၀)အတွက် စားနပ်ရိက္ခာများ ထပ်မံလိုအပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် ဆန်တင်း(၆၀)၊ ဆီနှင့် ဟင်းသီးဟင်းရွက်များ လုံလောက်မှု ရှိနေသော်လည်း လာမည့်လများအတွက် ချက်ပြုတ်ကျွေးမွေရန် လိုအပ်လျက်ရှိသည်ဟု ဆိုသည်။

“တစ်နေ့ကို ဆန် သုံးတင်းခွဲ ချက်ရတဲ့အတွက် ရက်နှစ်ဆယ်,တစ်လဝန်းကျင် အတွက်တော့ ခေါင်းအေးရပါပြီ။ ဝိုင်းကြ ဝန်းကြသူအားလုံးကို ကျေးဇူးတင် သာဓုခေါ်ပါတယ်”ဟု ဒေသခံစစ်ဘေးရှောင်အရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် စာနပ်ရိက္ခာနှင့် အဝတ်အထည်များအတွက် ပူးပေါင်းလှူဒါန်းမှုများကြောင့် အဆင်ပြေလျှက်ရှိနေသေးသော်လည်း ရက်ရှည်ကြာလာပါက အခက်အခဲများ ရှိ‌နိုင်‌ကြောင်း သိရသည်။

ယခုလ ဖေဖော်ဝါရီလ(၇)ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ ကျေးရွာများ၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ယနေ့အချိန်အထိ ဆက်လက်ဖြစ်ပွားလျှက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here