NLD ပါတီ နာယက သူရဦးတင်ဦးအား ရွှေညဝါဆရာတော် သွားရောက်တွေ့ဆုံ

0
214

ရန်ကုန်ပြည်သူဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက သူရဦးတင်ဦးအား ယမန်နေ့ ဖေဖော်ဝါရီ (၂၀)ရက် မွန်းလွှဲပိုင်းတွင် ရွှေညဝါဆရာတော်မှ သွားရောက်တွေ့ဆုံခဲ့ကြောင်း ဆရာတော်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေသားဖော်ပြထားသည်။

“ဒကာကြီး ဦးတင်ဦးက မျက်လုံးတွေရော လက်တွေရော ဂါရဝပြု ကြိုဆိုဦးတော် လုပ်ပါတယ်။ စကားတွေတော့ မပီမသ ပြောရှာပါတယ်။ နဂိုကထဲကကြွနေတွေ့နေကျမို့ကောင်းကောင်းမှတ်မိပါတယ်။ သတိအသိ မလွတ်သေးပါ။ တပည့်သံဃာတွေနဲ့ တစ်လုံးချင်း မေတ္တာနှလုံးသွင်း၍ ဆုတောင်းမေတ္တာပို့တာကို ခံယူပါတယ်။ မိမိလက်ကို ပွတ်သပ်ပြီး မျက်နှာကို စိုက်ကြည့်နေပါတယ်။ သိပ်ကြည်နူးနေပုံပါ။”ဟု ဆရာတော်မှ ရေးသားထားသည်။

NLD ပါတီ၏ နာယက ဖြစ်သူ သူရဦးတင်ဦးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလတွင် လေဖြန်းသည့် ရောဂါခံစားခဲ့ရသည့်အတွက် နေအိမ်တွင် အနီးကပ်ပြုစုစောင့်ရှောက်ပေးနေရခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကြတ်မတ်ကုသဆောင်၌ ဆရာဝန်များက စောင့်ကြည့်ကုသပေးနေပြီးကျန်းမာရေးအခြေအနေမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းလည်း သိရသည်။

ဓါတ်ပုံ – ရွှေညဝါဆရာတော် လူမှုကွန်ရက်စာမျက်နှာ


LEAVE A REPLY

Please enter your comment!
Please enter your name here