ကမ္ဘာ့ပထမဆုံး အမိုးနီးယားစွမ်းအင်သုံး ကွန်တိန်နာတင် သင်္ဘော တရုတ်တည်ဆောက်မည်

0
183

တရုတ်နိုင်ငံ Qingdao Yangfan သင်္ဘော တည်ဆောက်ရေးမှ တည်ဆောက်မည့် Yara Eyde ဟု အမည်ပေးထားသော ၁၄၀၀ TEU အဆင့်အတန်းရှိ ကွန်တိန်နာသေတ္တာတင် သင်္ဘောကြီးသည် ကမ္ဘာ့ပထမဆုံး အမိုးနီးယားစွမ်းအင်သုံး ကွန်တိန်နာတင်သင်္ဘောဖြစ်လာမည်ဟု သိရသည်။

တရုတ်နိုင်ငံလုပ် အဆိုပါ သင်္ဘောသည် မီတာ ၁၅၀ အလျားရှိကာ၊ ဗျက်အကျယ် ၂၇ မီတာရှိမည်ဖြစ်ပြီး၊ အလုပ်အပ်နှံသည့် ဘယ်လ်ဂျီယံကုမ္ပဏီဆီသို့ ၂၀၂၆ ခုနှစ်တွင် လွှဲပြောင်းပေးအပ်နိုင်မည်ဖြစ်သည်။

ယင်း ကွန်တိန်နာတင်သင်္ဘောကြီး Yara Eyde ကို ဘယ်လ်ဂျီယံနိုင်ငံ အန်းတဝပ်မြို့ အခြေစိုက် CMB.TECH ၏ ကွန်တိန်နာဌာနခွဲဖြစ်သော Delphis မှ ပိုင်ဆိုင်ပြီး အလုပ်အပ်နှံမှု ကိစ္စအ၀၀ကို North Sea Container Line နှင့် Yara Clean Ammonia တို့ကြား ဖက်စပ်လုပ်ငန်းဖြစ်သည့် NCL Oslofjord မှ ကိုင်တွယ်ဆောင်ရွက်နေခြင်းဖြစ်သည်။

Yara Eyde သည် ကမ္ဘာလုံးဆိုင် ရေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် သန့်ရှင်းသောစွမ်းအင် အသုံးပြုမှုဆိုင်ရာ မှတ်ကျောက်တစ်ခုဖြစ်လာမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here