မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပုဇွန်တောင်လမ်းတွင် Level – 1 အဆင့် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် (၂)လုံး ဆုံး ရှုံး

0
143

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းတွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် (၂)လုံး ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ဖေဖော်ဝါရီ (၂၁)ရက် ညနေ (၃)နာရီ (၅၀)မိနစ်အချိန်ခန့်က စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးနှင့်အတူ လူမှုကူညီရေးအသင်များမှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နေ့လည် (၃)နာရီ (၅၃)မိနစ်အချိန်တွင် မီးလောင်မှုမှာ Level 1 အဆင့်သို့ရောက်ရှိကာ ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ညနေ (၄)နာရီ (၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်မှု အကြောင်းရင်း ထိခိုက်ပျက်စီးဆုံးရှုးမှု အသေးစိတ် စာရင်းများကို မီးသတ်တပ်ဖွဲ့မှ တွက်ချက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here