သတ်မှတ်တက္ကစီဘုတ်မတင်သည့် တက္ကစီများကို စတင်အရေးယူဆောင်ရွက်နေ

0
166

City Taxi များတွင် သတ်မှတ်တက္ကစီဘုတ်တင်ရန် YRTC မှ ညွှန်ကြားထားပြီး မလိုက်နာသည့် ယာဉ်များအား စတင်အရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်း အငှားယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။

City Taxi များတွင် သတ်မှတ် တက္ကစီဘုတ်တင်ရန်၊ အဝါရောင် ဘေးလိုင်းစတေကာကပ်ရန် အပါအဝင် အချက် (၇) ချက် ပြည့်စုံရန်လိုပြီး မပြည့်စုံပါက ပညာပေးကာလ လွန်လျှင် ဥပဒေအရ အရေးယူမည်ဟု အသိပေးထားခြင်းဖြစ်သည်။

” သတ်မှတ်ထားတဲ့ တက္ကစီဘုတ်မတင်လို့ဆိုပြီး မနေ့ကအဖ-မ်းခံရတယ်။ သူတို့ပြောတဲ့ ဘေးလိုင်းစတေကာကတော့ တပ်ပြီးပြီ။ တက္ကစီဘုတ်ပဲပြောင်းဖို့ လိုတော့တာ။ ယာဉ်မောင်းတွေအနေနဲ့လည်း သတိ‌ထားစေချင်တယ်”ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ပြည့်စုံရမည့် အချက် (၇) ချက်တွင် ကညန၌ အငှားယာဉ် နံပါတ်ပြား အနီအဖြစ် မှတ်ပုံတင်ထားရန်၊ ကညန မှတ်ပုံတင် သက်သေခံလက်မှတ် (ဝှီးတက်) ရှိရန်၊ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၏ လုပ်ငန်းလိုင်စင်များ အပိုင်း (၁)၊ (၂) ရှိရန်၊ အဝါရောင်ဘေးလိုင်း စတေကာပါရန်၊ YRTC စီးတီးတက္ကစီ စတစ်ကာနှင့် ယာဉ်မောင်းဓာတ်ပုံပါရန်၊ YCTA ရန်ကုန်စီးတီးတက္ကစီအသင်း လိုဂို ပါရန်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ဆော င်ရွက်သည့် တက္ကစီဘုတ် ပါရန်တို့ လိုအပ်ကြောင်း သိရသည်။

ယခုကဲ့သို့ အရေးယူမှု ဆောင်ရွက်နေသည့် အကြောင်းအရာနှင့်ပတ်သက်၍ YRTC ထံ ဆက်သွယ်မေးမြန်းခဲ့‌သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here