ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် ရခိုင်တို့တွင် ဧရိယာကျယ်ကျယ်ပြန့်ပြန့်ဖြင့် မြူဆိုင်းနိုင်မည့် အခြေနေများ ဖြစ်ပေါ်နိုင်ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်မှ အသိပေးပြောဆို

0
175

မြန်မာနိုင်ငံ ဒေသအချို့တွင် ဖေဖော်ဝါရီ (၂၃)၊ (၂၄)၊ (၂၅) ရက်နှင့် (၂၆)ရက် နံနက် (၄) နာရီခန့်မှ နံနက် (၇) နာရီခွဲခန့်အထိ ဧရိယာကျယ်ကျယ်ပြန့်ပြန့်ဖြင့် မြူဆိုင်းမည့် အခြေ အနေများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်မှ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် အသိပေးထားသည်။

ယင်းကဲ့သို့ ဖြစ်ပေါ်နိုင်သည့် တိုင်းနှင့် ပြည်နယ်များမှာ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်ဖြစ်ပြီး ကျန်တိုင်းနှင့် ပြ ည်နယ် ဒေသအချို့တွင် နေရာကွက်၍ မြူဆိုင်းနိုင်ကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ (၂၂) ရက်၊ နံနက် (၄) နာရီခန့်မှ နံနက် (၇)နာရီခွဲခန့်အထိ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဒေသအချို့တွင် မြေပြင်မှ အမြင့်ပေ (၅၀၀၀) ကျော်အထိ မြူဆိုင်းသည့် ရာသီဥတုအခြေအနေဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Additional Information Fog (မြူဆိုင်းခြင်း)မှာ ကမ္ဘာမြေ မျက်နှာပြင်အနီး (သို့) အနီးနားရှိ ရေ၊ မြေမျက်နှာသွင်ပြင်နှင့် လေတိုက်မှုအခြေအနေ၊ လေထုစိုထိုင်းဆစသည်တို့ကြောင့် မြူခိုးများ အကြီးအကျယ် လွှမ်းမိုးနေသည့် အခြေအနေဟု ခေါ်ဆိုကြောင်း ၎င်းက ဆိုသည်။

မြူဆိုင်းရာတွင် မြူထုထဲ သေးငယ်သော ရေစက်ကလေးများပါဝင်ပြီး တစ်ခါတစ်ရံ အအေးလွန်ကဲသည့် ဒေသများ၌ ရေခဲမှုန်လေးများပင် ပါဝင်ကာ လေထုထဲတွင် အချိန်အတော်ကြာ တွဲခိုနေတတ်ရာ ၎င်းအခြေအနေကို WINDY APP တွင် FOG – FOG & RIME ဟု အမည်ပေးခေါ်ဆိုထားသည်ဟုလည်း ဆိုသည်။

ထို့အပြင် နေထွက်အပြီး အပူချိန်တဖြည်းဖြည်းမြင့်တက်လာချိန်နှင့် ပတ်ဝန်းကျင်လေတိုက်ခတ်မှုများလာသည့် အချိန်တွင် မြူထုဆိုင်းနေခြင်းပျက်ပြယ်သွားတတ်ရာ မူဆိုင်းခြင်း(Foggy Weather Condition)ကြောင့် အနီးနှင့် အဝေး မြင်နိုင်စွမ်း (Visibility)ကျဆင်းတတ်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် မော်တော်ယာဉ်၊ သင်္ဘောနှင့် လေယာဉ်များ မတော်တဆမှုများ ဖြစ်ပွားတတ်၍ သတိထားရမည့် အခြေအနေ တစ်ခုဖြစ်ကြောင်းလည်း ၎င်းက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here