မွေထိုင်းလက်‌ဝှေ့မယ်နှင့် လာမည့် တနင်္ဂနွေနေ့တွင် ထိုးသ-တ်မည့် ဘရော်နီကာ

0
264

ပြည်သူ့အချစ်တော် ကယန်းလက်ဝှေ့မယ် ဘရော်နီကာ သည် လာမည့် တနင်္ဂနွေနေ့တွင် ထိုင်းမွေထိုင်းလက်‌ဝှေ့မယ်နှင့်ထိုးသ-တ်မည်ဖြစ်ကြောင်း သိရသည်။

Thai Fight : King Of Muay Thai တွင် ထိုးသတ်မည်ဖြစ်ပြီး ပွဲချိန်နီးမှ ပြိုင်ဘက်ဖိုက်တာ ပေါ်လာခြင်းဖြစ်သည့်အတွက် ယခုမှသာအသိပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ဘရော်နီကာ ထိုးသ-တ်မည့်သူမှာ မွေ့ထိုင်းဖိုက်တာ Fahsai ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလ (၂၅) ရက် ညနေတွင် ထိုးသ-တ်မည်ဖြစ်ကာ ယခင်တွေ့ဆုံမှုတွင် ဘရော်နီကာက အနိုင်ရခဲ့ဖူးကြောင်း သိရသည်။

ကယန်းလက်‌ဝှေ့မယ် ဘရော်နီကာသည် (၂) နှစ်ဆက်တိုက် အမျိုးသမီး Thai Fight ချန်ပီယံဖြစ်ပြီး (၁၇) ပွဲဆက်အနိုင် ယူထားနိုင်သည့် ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here