ပူတာအိုမြို့တွင် တောင်ကျရေလျံမှုကြောင့် ပိတ်မိနေသည့် လုပ်သား(၆)ဦးနှင့် က-လေ-းငယ်(၁)ဦး အား ကယ်ဆယ်နိုင်ခဲ့

0
122

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် တောင်ကျရေလျံမှုကြောင့် ရေလယ်တွင် ပိတ်မိနေသည့် လုပ်သား(၆)ဦးနှင့် က-လေ-းငယ်(၁)ဦး အား မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ (၂၃)ရက် နံနက်ပိုင်းတွင် ပူတာအိုမြို့နယ်၊ မူလာရှီးဒီချောင်းအတွင်း တောင်ကျရေများဖြင့် ရေလျံတက်မှုဖြစ်ပွားခဲ့စဉ် ချောင်းအတွင်း ချောင်းကမ်းပါး ရေကာတန်း (မြေထိန်းနံရံ) တည်ဆောက်ရေးလုပ်ငန်းရှိ လုပ်သား (၆)ဦးနှင့် က-လေး-ငယ်(၁)ဦး စုစုပေါင်း(၇)ဦးတို့ ရေလည်သောင်ပြင်ရှိ တဲအတွင်း ပိတ်မိနေကြောင်း တာဝန်သိ ပြည်သူတစ်ဦးမှ မီးသတ်တပ်ဖွဲ့ထံသို့ သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သတင်းပေးပို့မှုကြောင့် ပူတာအိုခရိုင် မီးသတ်စခန်းနှင့် မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီး ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

Photo -MFSD


LEAVE A REPLY

Please enter your comment!
Please enter your name here