MNL League Cup 2024 ကို လာမည့် မတ်လ (၁)ရက်တွင် အသင်း (၂၀) ဖြင့် စတင်ကျင်းပမည်

0
256

၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ရာသီသစ်မတိုင်မီ မြန်မာနေရှင်နယ်လိဂ် -၁ နှင့် မြန်မာနေရှင်နယ်လိဂ် -၂ ကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည့် MNL League Cup 2024 ဘောလုံးပြိုင်ပွဲကို မတ်လ (၁) ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပမည့် MNL League Cup 2024 ပြိုင်ပွဲတွင် (၅)သင်းပါ အုပ်စု(၄)ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုခွဲဝေမှုအရ အုပ်စု(A)တွင် ရန်ကုန်ယူနိုက်တက်၊ ယူနီဗာစတီ၊ မဟာယူနိုက်တက်၊ ဂျီအက်ဖ်အေနှင့် ရွှေပြည်သာယူနိုက်တက်တို့ပါဝင်ပြီး အုပ်စု(B)တွင် ရှမ်းယူနိုက်တက်၊ Glory Goal ၊ ရခိုင်ယူနိုက်တက်၊ ကချင်ယူနိုက်တက်နှင့် Rainbow FC အသင်းတို့ ပါဝင်နေကြောင်း သိရသည်။

အလားတူ အုပ်စု(C) တွင် ဟံသာဝတီယူနိုက်တက်၊ Dagon Port ၊ ဒဂုံစတားယူနိုက်တက်၊ ဧရာဝတီယူနိုက်တက် နှင့် ငွေကြယ်ပွင့်လေးများအသင်းတို့ ကျရောက်ခဲ့ပြီး အား/ကာသိပ္ပံ၊ သစ္စာအားမာန်၊ မြဝတီ၊ ရတနာပုံနှင့် ရက္ခပူရယူနိုက်တက်အသင်းတို့မှာ အုပ်စု(D)တွင် ကျရောက်နေကြောင်း သိရသည်။

MNL League Cup 2024 ပြိုင်ပွဲကို မတ်လ (၁) ရက်မှ ဇွန်လ (၁၉) ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယခုပြိုင်ပွဲ၏ အုပ်စုအဆင့်ပွဲစဉ်များကို နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားစေမည်ဖြစ်ကာ သုဝဏ္ဏ၊ YUSC၊ ယူနီဗာစတီနှင့် ပဒုမ္မာကွင်းတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် MNL League Cup 2024 ပြိုင်ပွဲကိုယှဉ်ပြိုင်ရန်အတွက် မြန်မာနေရှင်နယ်လိဂ် – ၁ နှင့် မြန်မာနေရှင်နယ်လိဂ် -၂ ကလပ်အသင်းများသည် ခြေစမ်းပွဲများကစားနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here