အလုပ်အကိုင် အခွင့်အလမ်း (၉၀) ကျော်ဖန်တီးပေးနိုင်မည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၄)ခု ခွင့်ပြုပေးခဲ့

0
174

ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း (၉၀) ကျော်ဖန်တီးပေးနိုင်မည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု (၃) ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမြှုပ်နှံမှု (၁) ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်း (၄) ခုတွင် ဟိုတယ်ဝန်ဆောင်မှု ကဏ္ဍတွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂)ခု၊ စက်မှုကဏ္ဍတွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုနှင့် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုတို့ပါဝင်ကြောင်း သိရသည်။

ဖေဖော်ဝါရီ (၂၁) ရက်က ရန်ကင်းမြို့နယ်ရှိ တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီရုံးတွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးမှ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လုပ်ငန်းများသည် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ရာနှုန်းပြည့် ပြည်တွင်း၌ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်း၊ ဆန်အမျိုးမျိုးကြိတ်ခွဲတင်ပို့ ရောင်းချသည့်လုပ်ငန်းများဖြစ်ကြောင်းလည်း သိရသည်။

ယင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေပမာဏသည် မြန်မာငွေကျပ်သန်းပေါင်း ၉၁၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၀၄ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၉၄) ယောက်အတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here