ထိုင်း ဗီဇာရက်ချိန်းယူခြင်းအားအွန်လိုင်းမှပေးခြင်းကအဆင်ပြေသဖြင့်ထိုသို့လုပ်ဆောင်သွားမည့်အကြောင်း ထိုင်းသံရုံးအသိပေး

0
188

ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဗီဇာလျှောက်ထားခြင်းများအတွက် အွန်လိုင်းမှတဆင့် တိုကင်နံပါတ်များ ထုတ်ပေးမှုသည် အဆင်ပြေသည့်အတွက် လူကိုယ်တိုင်တန်းစီစနစ်ဖြင့် ဗီဇာရက်ချိန်းယူခြင်းအား ဖျက်သိမ်းမည်ဖြစ်ကြောင်း ထိုင်းသံရုံးက အသိပေးထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသို့သွားရောက်ရန် ဗီဇာလျှောက်ထားခြင်းများအတွက် https://thaiconsularyangon.com/visa/ တွင်

Visa Appointment Booking Online (VABO) စနစ်ဖြင့်

တိုကင်နံပါတ်များ လျှောက်ထားနိုင်ပြီး အဆိုပါ လျှောက်ထားမှုတွင် ဖေဖော်ဝါရီလ (၂၂) ရက်မှစတင်ပြီး ရက်ပေါင်း (၃ဝ) စာအတွက် တစ်ရက်လျှင်တိုကင်အခု ၂ဝဝ နှုန်းဖြင့် ကြိုတင်လျှောက်ထားနိုင်ရန် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ VABO စနစ်ကို စတင်ဖွင့်လှစ်အသုံးပြုပြီး နောက်ပိုင်း ဖေဖော်ဝါရီလ (၂၀) ရက်မှစတင်၍ လူအများအပြားလာရောက်ကြိုတင်တိုကင်တောင်းခံလျှက်ရှိပြီး ယင်းစနစ်သည် အဆင်ပြေသော စနစ်တစ်ခုဖြစ်ကြောင်း ထိုင်းသံရုံးက ဆိုသည်။

သို့ဖြစ်၍ လာရောက်လျှောက်ထားသူများ အဆင်ပြေ ချောမွေ့မှု ရှိစေရန်၊ တပြိုင်နက်တည်း လူအများအပြား လာရောက်လျှောက်ထားမှုမှ လျော့ချပေးနိုင်ရေးနှင့် ရုံးလုပ်ငန်းစဉ်ဆိုင်ရာဘေးကင်းလုံခြုံရေးအတွက် ဗီဇာလျှောက်လွှာများ ကြိုတင်စာရင်းသွင်းခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို ယခုမှစပြီး အကျိုးသက်ရောက်စေသည့် ပြုပြင်ပြောင်းလဲမှုတစ်ခုအနေဖြင့် သံရုံးရှေ့တွင် လူကိုယ်တိုင်တန်းစီစနစ်ဖြင့် ဗီဇာရက်ချိန်းယူခြင်းအား ဖျက်သိမ်းမည်ဖြစ်ကြောင်း ထိုင်းသံရုံးက အသိပေးထားသည်။

VABO စနစ်ဖြင့် ရက်ပေါင်း (၃ဝ) စာအတွက် တစ်ရက်လျှင်တိုကင် (၄ဝဝ) ခုနှုန်း ထပ်မံဖြည့်သွင်းကာ (ယခင်လက်ခံထားသောတိုကင် (၂၀၀)မှ ထပ်ဖြည့်ပြီး) ကြိုတင်လျှောက်ထားခြင်းအား လက်ခံပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် VABO စနစ်ဖြင့် ရက်ချိန်းတစ်ခုကြိုတင်မှာယူသည့်အခါ လျှောက်ထားသူသည် အီးမေးလ် လိပ်စာ၊  နိုင်ငံကူးလက်မှတ်တွင်ပါရှိသည့်အတိုင်း အမည်နှင့် ပတ်စပို့နံပါတ်တူညီမှန်ကန်မှုကို တိကျစွာ စစ်ဆေးမည်ဖြစ်ပြီး တိုကင်ရယူပြီးသောအခါ ဝက်ဘ်ဆိုဒ်မှအတည်ပြုပေးသော တိုကင်စာမျက်နှာ သို့မဟုတ် စနစ်မှ ပေးပို့ထားသည့် တိုကင်အတည်ပြုအီးမေးလ်ကို ထိုင်းသံရုံး ကောင်စစ်ဌာနသို့ ပြသနိုင်ရန် ပရင့်ထုတ်ရမည်ဖြစ်ပြီး ပတ်စပို့နံပါတ် (၁) ခုအတွက် တစ်ကြိမ်သာ လျှောက်ထားနိုင်မည့်အပြင် အခြားသူထံသို့လွှဲပြောင်းအသုံးပြုခြင်း ပြုလုပ်နိုင်မည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here