လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ ၂ ဒသမ ၇ သန်းနီးပါးရှိဟု ကုလဆို

0
145

ကုလသမဂ္ဂ၊ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံ၌ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူအရေအတွက်မြင့်တက်လာနေပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါးအထိ ရှိလာကြောင်း ကုလသမဂ္ဂအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်များအရသိရသည်။

မြန်မာနိုင်ငံ၌တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်တွင်လည်း ဆိုးရွားလာသော အခြေအနေများကြောင့် နိုင်ငံအနှံ့အပြားတွင် ပဋိပက္ခများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ကပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ နှင့် တပ်မတော်တို့ကြား တိုက်ပွဲပြင်းထန်လာခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များတိုးလာနေပြီး ဝင်ရောက်ကူညီခွင့်အားကန့်သတ်ချက်များရှိနေသည်ဟုလည်း၎င်းတို့ကပြောသည်။

သို့သော်လည်း ရှမ်းမြောက်ပိုင်း၌မူ အပစ်အခတ်ရပ်စဲထားခြင်းကြောင့် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူအများစုသည် နေရပ်ပြန်နိုင်ခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအဖွဲ့ကဆိုခဲ့သည်။

ထို့အတူ ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်းကလည်း တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၂၃,၀၀၀ နီးပါးသည် မြို့နယ် ၁၅ မြို့နယ်အတွင်းရှိ နေရာပေါင်း (၁၄၁) ခုတွင်ရှိနေကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံ၌ အနောက်မြောက်ပိုင်းနှင့်အရှေ့တောင်ပိုင်းမှလက်နက်ကိုင်တိုက်ပွဲများနှင့်ပဋိပက္ခများဆက်လက်ဖြစ်ပွားနေသဖြင့် အရပ်သားများဘေးကင်းလုံခြုံရေးကို ခြိမ်-းခြောက်လာနေသောကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့ကဆိုသည်။

Source : ယူအင်န်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here