ထိုင်းဈေးကွက်သို့ တင်ပို့နေသည့် မြန်မာ့ထောပတ်သီးများ အရေအသွေး ကျဆင်းမှုကြောင့် ဈေးကောင်းမရဟုဆို

0
156

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ထောပတ်သီးကို ထိုင်းဈေးကွက်တစ်ခုတည်းသာတင်ပို့နေရပြီး ဈေးကောင်းမရရှိကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူများအသင်း(MAVO) မှ သိရသည်။

” ထောပတ်သီးစိုက်တဲ့ ဒေသတွေမှာ ရာသီဥတုမကောင်းတာရယ်၊ လမ်းပန်းဆက်သွယ်ရေးမကောင်းတာတွေကြောင့် အသီးအရည်အသွေးက ညံ့သွားတာပေါ့”ဟု မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူများအသင်း(MAVO) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့ထော့ပတ်သီးကို ဝယ်ယူလိုကြောင်း နိုင်ငံအချို့မှ ကမ်းလှမ်းထားသော်လည်းလမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ထိုင်းဈေးကွက်တစ်ခုတည်းကိုသာ တင်ပို့နေရပြီး ယခုရာသီတွင် အိန္ဒိယနိုင်ငံမှလည်း ထောပတ်သီးတန်ချိန် (၁၀၀၀) ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း သိရသည်။

လက်ရှိ ထောပတ်သီးဈေးများ အနေဖြင့် ဈေးကွက်အစ တစ်ကီလိုလျှင် ကြမ်းခင်းဈေး ၃၅၀၀ ကျပ်ရှိပြီး ပြီးခဲ့သည့် နှစ်တွင် တစ်ကီလို ၂၅၀၀ သာရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် စာရင်းများအရ ပြည်တွင်း၌ ထောပတ်သီး စိုက်ဧက ၂၀၀၀၀ ဝန်းကျင်ရှိပြီး ရှမ်းပြည်နယ်အပါအဝင် အခြား‌သော ဒေသများတွင်လည်း စိုက်ပျိုးထုတ်လုပ်သူများလာကာ တစ်ဧကလျင် Export Quality ထောပတ်သီးတန်ချိန် ၅၀၀၀ မှ ၁၀၀၀၀ ကြားထွက်ရှိကြောင်း သိရသည်။

ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး(နာဂဒေသ)တို့၌ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အများဆုံး ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here