ညောင်ဦးမြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိမြေငလျင်လှုပ်ခတ်

0
127

ယနေ့ ဖေဖေါ်ဝါရီ (၂၄)ရက် ၊ နံနက်အစောပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးမြို့၏ အနီးကိုဗဟိုပြု၍အင်အား အနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂၄) ရက်၊ မြန်မာစံတော်ချိန် (၀၅) နာရီ၊(၀၆) မိနစ်၊ (၁၆) စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၇) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း ၊ ညောင်ဦးမြို့၏ မြောက်-အနောက် မြောက်ဘက် (၇) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၁.၃၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၇) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိအင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here