လားရှိုးတွင် ညမထွက်ရအမိန့်ကို ယနေ့တစ်ရက် ပြင်ဆင် သတ်မှတ်ပေးထား

0
165

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်း ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ယနေ့ ဖေဖော်ဝါရီ (၂၄)ရက် တစ်ရက်တာအတွက် ပြင်ဆင်သတ်မှတ်ပေးထားကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ (၂၄) ရက်သည် မြန်မာ့တို့၏ အထွဋ်အမြတ်ထားရာ တစ်ပို့တွဲ့လပြည်နေ့ဖြစ်သည့်အပြင် လားရှိုးမြို့အတွင်း ရှမ်း – တရုတ်ရိုးရာ မီးထွန်းပွဲတော်ရှိသည့် အတွက် ယခုကဲ့သို့ ညမထွက်ရအမိန့်အား ပြင်ဆင်သတ်မှတ်ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်း သိရသည်။

“ရှမ်း – တရုတ် ရိုးရာမီးထွန်းပွဲ အတွက်ပါ။ ဒါက နှစ်စဉ်နှစ်တိုင်းပြုလုပ်နေတဲ့ ရိုးရာပွဲပေါ့။ စေတီပုံသဏ္ဍာန် ဆီးမီးပုံဖော်ပြီး ဘုရားကို ပူဇော်တာပေါ့။ ဒီလိုပူဇော်မှုက ညပိုင်းပဲ လုပ်ရတဲ့ ရိုးရာပွဲပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခင်က လားရှိုးမြို့အပါအဝင် ရှမ်းပြည်မြောက်ပိုင်းအတွင်း ညမထွက်ရအမိန့်အား ည(၆)နာရီမှ နံနက်(၆)အထိ သတ်မှတ်ထားခြင်းဖြစ်သည်။

သို့သော် ယနေ့ ဖေဖေါ်ဝါရီ (၂၄) ရက်တွင် ရိုးရာမီးထွန်းပွဲ ရှိသည့်အတွက် ညမထွက်ရအမိန့်ကို ည(၈) နာရီမှ နံနက် (၆) နာရီအထိ ပြင်ဆင်သတ်မှတ်ပေးထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here