မော်လမြိုင်ရှိ အထင်ကရ တောင်ဝိုင်းတောင်၏ လမ်းလျှောက်တောင်တက်ရာသီ ပြီးဆုံး

0
172

မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ၊တောင်ဝိုင်းတောင်လမ်းလျှောက်တောင်တက်ရာသီအား ဖေဖော်ဝါရီ (၂၅)ရက် နောက်ဆုံးအကြိမ် လမ်းလျှောက်ခွင့်ပြုမည်ဖြစ်ကြောင်း သာသနာနွယ်ဖောင်ဒေးရှင်းက အသိပေးထားသည်။

ယနေ့ ဖေဖော်ဝါရီ (၂၄) ရက်နှင့် (၂၅) ရက် တောင်တက်လမ်းလျှောက်ပြီးပါက တောင်တက်လမ်းလျှောက်ရာသီမှာ ယခုနှစ်အတွက် ပြီးဆုံးသွားပြီဖြစ်ကြောင်း ဆိုသည်။

“တောင်တက်ရာသီက ယခု တစ်ပါတ် နောက်ဆုံးမို့ စနေ၊ တနင်္ဂနွေ အထိ တောင်ဝိုင်းတောင်တက် လမ်းလျှောက်လို့ရပါမယ်။ ဒီတစ်ပါတ် စနေ၊ တနင်္ဂနွေ ပြီးရင် တောင်တက်ရာသီ ပြီးဆုံးပါပြီ”ဟု ဆိုသည်။

လက်ရှိတွင် တောင်ဝိုင်းတောက်တက်လမ်းပေါ်တွင် မွေးကင်းစ ခွေးငယ်များနှင့် လေလွင့်ခွေးအချို့ လာရောက်စွန့်ပစ်မှုများရှိနေသည့်အတွက် စွန့်ပစ်ခြင်းမပြုကြရန် သာသနွယ်‌ ဖောင်ဒေးရှင်းက မေတ္တာရပ်ခံထားသည်။

အဆိုပါ တောင်ဝိုင်းတောင်တက်ရာသီကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ၊ ဇန်နဝါရီ၊ဖေဖော်ဝါရီတို့အား နှစ်စဉ် တောင်တက်လမ်းလျှောက်ရာသီလများအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ယခုနှစ် တောင်ဝိုင်း တောင်တက်ရာသီတွင် မွန်ပြည်နယ်အတွင်းရှိ ဒေသခံများသာမက အခြားသော တိုင်းနှင့် ပြည်နယ်များရှိ ဘုရားဖူးပြည်သူများပါ လာရောက်၍ တောင်တက်လမ်းလျှောက်ဘုရားဖူးခဲ့ကြသည်ဟု ဆိုသည်။

တောင်တက်ရာသီ (၃) လအတွင်း တောင်တက်လမ်းလျှောက်၍ ဘုရားဖူးသူများအတွက် ဘုရားဖူးချိန်ကို နံနက် (၅) နာရီမှ နံနက် (၉)နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။

ပုံစာ- ယနေ့ နံနက်ပိုင်း တောင်ဝိုင်းတောင်တက်လမ်းလျှောက်နေသူများ(သာသနာနွယ်ဖောင်ဒေးရှင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here