ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ကြီး ဆွမ်းခံကြွတော်မူသည့်မြင်ကွင်း

0
181

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးသည် ယနေ့ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီ (၂၄) ရက်၊ ကောဇာသက္ခရာဇ် ၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်နေ့ နံနက် (၇) နာရီ အချိန်တွင် ဉေယျဓမ်တောရ ဓမ္မပဒ လမ်းမပေါ်၌ ဆွမ်းခံကြွချီကာ အကြည်ညိုခံကြွတော်မူခဲ့ကြောင်း ဆရာတော်၏ တပည့်သာဝကများထံမှ သိရသည်။

ဆရာတော်ဘုရားကြီးသည် လာမည့် တပေါင်းလဆန်း (၁၄) ရက်အထိ ဆွမ်းခံကြွချီမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာနွယ်ဝင်သူတော်စင်များအနေဖြင့် လာရောက်ဖူးမြှော်ကြည်ညိုနိုင်ကြောင်းလည်း သိရသည်။

ယနေ့ နံနက် (၇) နာရီအချိန်က ဆွမ်းခံကြွချီတော်မူခဲ့သော ဆရာတော်ဘုရားကြီး၏ ပုံရိပ်များအား ဗုဒ္ဓဘာသာနွယ်ဝင်အပေါင်း ဖူးမြှော်ကြည်ညိုနိုင်ကြရန်အလို့ငှာ ပြန်လည်ကူးယူဖော်ပြပေးလိုက်ရပါသည်။

နိုင်ငံသူ နိုင်ငံသား ၊
ကမ္ဘာသူ ကမ္ဘာသားများ အားလုံး
ဘေးဘယာ ဝေးကွာပ၍ အေးမြသာယာရှိနိုင်ကြပါစေ…… ။

ဓာတ်ပုံ – Ye Ko


LEAVE A REPLY

Please enter your comment!
Please enter your name here