ယနေ့ မော်လမြိုင်မြို့ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲ နောက်ဆုံးညကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

0
263

(၉၂)ကြိမ်မြောက် မော်လမြိုင်မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲ နောက်ဆုံးရက်ကို ယနေ့ ဖေဖော်ဝါရီ (၂၄)ရက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ကျိတ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို မော်လမြိုင်မြို့အတွင်း ရပ်ကွက်အလိုက် ဖေဖော်ဝါရီ(၂၁)ရက်မှ (၂၄)ရက်အထိ (၄)ရက်ကြာ လှည့်လည်အပူဇော်ခံခဲ့ခြင်းလည်းဖြစ်သည်။

” ဒီနေ့က သာသနာ့ဗိမာန် စံကျောင်းကနေပြီးတော့ မော်လမြိုင်အောက်လမ်းမကြီးဘက် ပြီးရင်ဈေးကြီး၊ တောင်ပေါ်တန်း၊ မြို့တော်ဦးလမ်း၊ ဗဟိုလမ်း၊ ရွှေတောင်ဘက်ကနေချိုးကွေ့ပြီးတော့ တောင်ဗိုလ်ချုပ်လမ်း၊ သိမ်ကုန်းကွေ့ကနေ အထက(၁)အရှေ့ လမ်းကြောင်းတိုင်း လှည့်လည်ပူဇော်ခံပါတယ်။ စည်စည် ကားကားပါဘဲ”ဟု ဒေသခံတစ်ဦး က ပြောသည်။

COVID 19 ကပ်ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ (၃) နှစ်တိုင်ရပ်နားထားခဲ့သော မော်လမြိုင်နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်အပူဇော်ခံပွဲကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပခြင်းလည်းဖြစ်ကြောင်း သိရသည်။

လှည့်လည်အပူဇော်ခံမှုအတွက် ပထမရက်တွင် ကျောက်တန်းရပ်ကွက်မှ အောက်လမ်းမကြီးတစ်လျှောက် ဘိုကုန်းရပ်ကွက်၊ သံလွင်ဟိုတယ်အထိ လည်းကောင်း၊ ဒုတိယရက်၌ ငန်းတေးရပ်ကွက်မှ မြိုင်သာယာရပ်ကွက်လမ်းအတိုင်းစျေး ကြိုအဝိုင်းအထိ လှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရသည်။

အလားတူ တတိယရက်၌ ဇေယျာသီရီရပ်ကွက်လမ်းမကြီးမှ ဒေါ်လန်းရပ်အနီးအထိ လှည့်လည်အပူဇော်ခံမည်ဖြစ်ပြီး၊
စတုတ္ထရက်၌ မော်လမြိုင် သာသနာ့ဗိမာန်တော်ကြီးမှ ကျိုက်သုတ်ဘုရားအထိ လှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရသည်။

ထို့အပြင် ယခုနှစ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၁၂) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကိုလည်း ယမန်နေ့ ဖေဖော်ဝါရီ(၂၃)ရက်တွင် စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ဘိုဘိုဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here