ယူကရိန်းနှင့်မဟာမိတ်များအား စိတ်ဓာတ်မကျရန် နေတိုးအကြီးအကဲ ပြော

0
141

ဘရပ်ဆဲလ်၊ဖေဖော်ဝါရီ ၂၄

ရုရှား၏ ယူကရိန်းသို့ထိုးစစ်ဆင်မှု နှစ်နှစ်ကြာခဲ့ပြီးနောက် ယနေ့တွင် ယူကရိန်းနှင့်မဟာမိတ်များအား စိတ်ဓါတ်မကျရန် နေတိုးအဖွဲ့အကြီးအကဲကပြောကြားခဲ့သည်။

“စစ်မြေပြင်အခြေအနေက ဆိုးရွားနေဆဲပါပဲ၊ယူကရိန်းကိုအပြီးသတ်သိမ်းမဲ့ သမ္မတပူတင်ရဲ့ရည်ရွယ်ချက်က ပြောင်းလဲမသွားသလို ငြိမ်းချမ်းရေးလုပ်လိုတဲ့ အရိပ်အယောင်လည်းမတွေ့ရပါဘူး” ဟု၎င်းကဆိုသည်။

“ဒါပေမယ့် ကျွန်တော်တို့စိတ်ပျက်စရာမလိုပါဘူး၊ယူကရိန်းဟာ အခုကာလမှာ အရည်အချင်းကောင်းတွေနဲ့ ခိုင်မာတဲ့ သန္နိဌာန်ကို အကြိမ်ကြိမ်ပြသခဲ့ပါတယ်” ဟုလည်းပြောကြားခဲ့သည်။

ရှေ့တန်းမှယူကရိန်းတပ်များသည် ရှေ့တန်းတပ်စခန်းများမဆုံးရှုံးရန်ကြံ့ကြံ့ခံရင်ဆိုင်နေရချိန်ဖြစ်ပြီး အမေရိကမှ နောက်ထပ်အကူအညီများရရှိရန် မသေချာသည့်ချိန်၌ ရုရှား – ယူကရိန်းအရေးနှစ်နှစ်ပြည့်ခဲ့ခြင်းဖြစ်သည်။

သို့သော် နေတိုးအကြီးအကဲ မစ္စတာဂျိမ်းစ်စတော်တန်ဘက်ခ်ကမူ မကြာသေးမီးက နေတိုးအဖွဲ့ဝင်နိုင်ငံများ ကတိပြုထားသည့် ဒေါ်လာဘီလျံချီသည့်စစ်ရေးအကူအညီများအားထောက်ပြကာ အားပေးစကားပြောကြားခဲ့ခြင်းဖြစ်သည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here