ပြည် – တောင်ကုတ်လမ်းမပေါ် (၂၂) ဘီး တွဲကားတစ်စီး တိမ်း-မှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ

0
145

ပြည် – တောင်ကုတ် လမ်းမပေါ် တွင် (၂၂) ဘီး တွဲကားတစ်စီး တိမ်း-မှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဖေဖော်ဝါရီ (၂၄) ရက်၊ ည (၉) နာရီခွဲအချိန်ခန့်က ပြည်မြို့ အနောက်ဖက်ကမ်း ပန်းတောင်းမြို့နယ်အပိုင် မြေစူတောင် အတက်လမ်း ပြည် – တောင်ကုတ် ကားလမ်းမပေါ်တွင် ၂၂ ဘီး တွဲကားတစ်စီး တိမ်း-မှောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လာရောက် ကူညီပေးပါရန် ဆက်သွယ်အကြောင်းကြားချက်အရ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) ပရဟိတပါရမီမှ သွားရောက်ကူညီခဲ့ရာ အခင်းဖြစ်ပွားရာနေရာတွင် ယာဉ်ပေါ်လိုက်ပါသော အမျိုးသား (၂)ဦးမှာ ဦးခေါင်းကွဲ၊ ခြေလက်ပေါက်ပြဲနှင့် ခြေထောက်အကြောတင်၊ သွေ-းထွက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့ (၂)ဦးအား ပန်းတောင်းမြို့နယ် ဆေးရုံသို့ ပရဟိတပါရမီမှ အရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ပြီး ဖြစ်စဉ်ကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များ၊ ဒေသတွင်း ရေ-နစ်သူ ကူ ညီကယ်ဆယ်ရေးအသင်း၊ မြန်မာမွတ်ဆလင်ဆင်စု ပရဟိတအသင်းတို့က ပူးပေါင်းဆောင်ရွက်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here