ယူကရိန်းအရေး ရုရှားကို ထပ်မံ ပိတ်ဆို့ဒဏ်ခတ်ရန် G – 7 ကတိပြု

0
145
In this handout photograph taken and released by Ukrainian Presidential Press Service on February 24, 2024, Ukraine's President Volodymyr Zelensky (R) and Italy's Prime Minister Giorgia Meloni (L) pose for a photo during a signing ceremony following their talks in Kyiv, on the second anniversary of the Russian invasion of Ukraine. (Photo by Handout / UKRAINIAN PRESIDENTIAL PRESS SERVICE / AFP)

ရောမ၊ဖေဖော်ဝါရီ ၂၅

G – 7 နိုင်ငံများသည် ယူကရိန်းကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်းနှင့် ရုရှားကို ထပ်မံ  ပိတ်ဆို့ဒဏ်ခတ်သွားမည်ဖြစ်ကြောင်း အွန်လိုင်းမှပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတွင် ကတိပြုခဲ့ကြသည်။

ယူကရိန်းသမ္မတဇလန်းစကီးလည်းတက်ရောက်ခဲ့သည့် အဆိုပါအစည်းအဝေးအပြီး ကြေငြာချက်တွင်လည်း G – 7 ထိပ်သီးခေါင်းဆောင်များသည် ယူကရိန်းအတွက် ရုရှားစစ်ပွဲ၌ကုန်ကျမည့်စရိတ်ကိုပါမြှင့်တင်ပေးအပ်သွားမည်ဟုကတိပြုခဲ့ကြသည်။

G – 7 ထိပ်သီးခေါင်းဆောင်များသည် ယူကရိန်းအတွက် စစ်ရေးအကူအညီနှင့်ပတ်သက်သည်များကို တရားဝင်ထုတ်ပြန်ကြေငြာခြင်းမပြုခဲ့သော်လည်း ၂၀၂၄ ခုနှစ်အတွက် ကျန်ရှိနေသည့်ယူကရိန်းဘဏ္ဍာငွေကွာဟချက်အားကာမိစေမည့် ထပ်လောင်းအကူအညီရနိုင်ရန်အတွက်ကိုမူတိုက်တွန်းခဲ့သည်။

အမေရိက၊ဂျပန်၊ဂျာမနီ၊ပြင်သစ်၊ဗြိတိန်၊အီတလီနှင့် ကနေဒါတို့ပါဝင်သည့် G – 7 အဖွဲ့ကမူ ၎င်းတို့အနေဖြင့် “ရုရှားနှင့်စစ်ပွဲကုန်ကျစရိတ် ထောက်ပံ့‌မှုအားဆက်လက်မြှင့်တင်ကာ ရုရှား၏ဝင်ငွေရင်းမြစ်များကို ကျဆင်းစေပြီး စစ်အင်အားတည်ဆောက်ရန်ကြိုးပမ်းမှုများကိုပါဟန့်တားသွားမည်” ဟုလည်းပြောကြားခဲ့သည်။

၎င်းတို့သည် ရုရှားသို့စစ်ရေးအကူအညီကို ရပ်တန့်ရန် အီရန်အားတောင်းဆိုခဲ့ပြီး တရုတ်စီးပွားရေးလုပ်ငန်းများမှ လက်နက်အစိတ်အပိုင်းများ၊စစ်သုံးပစ္စည်းများလွှဲပြောင်းပေးခြင်းနှင့်ပတ်သက်၍လည်းစိုးရိမ်မိကြောင်းထုတ်ဖော်ပြောကြားခဲ့ကြသည်။

ယင်းနောက် ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်လ်နီ၏‌ေ-သဆုံးမှုနှင့်ပတ်သက်၍လည်း ရုရှားအာဏာပိုင်များအနေဖြင့် အခြေအနေမှန်အားထုတ်ပြန်ကြေငြာရန်ကိုပါတောင်းဆိုခဲ့ကြသည်။

ယခုကျင်းပသည့် G – 7 ထိပ်သီးအစည်းအဝေးကို  အီတလီက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ယူကရိန်းသမ္မတဇလန်းစကီးသည် ယခုအစည်းအဝေး၌ စစ်ရေးအကူအညီများလည်းထပ်မံတောင်းဆိုခဲ့ကြောင်းသိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here