အိန္ဒိယနိုင်ငံ၏ ပဲရည်ညွှန်ဈေးသတ်မှတ်မည်ဆိုသည့်သတင်းများကြောင့် ပို့ကုန်ပဲများ ဈေးကျဆင်းလာ

0
121

အန္ဒိယအစိုးရ၏ ပဲဈေးကွက်နှင့်ဈေးနှုန်းထိန်ချုပ်ရန် ကြိုးစားလာမှုကြောင့် အိန္ဒိယဈေးကွက်ကို အဓိက အားကိုးနေရသည့် မြန်မာ့ပဲဈေးကွက်တွင် ဈေးနှုန်းကျဆင်းမှု သိသာလာသည်အထိ ရိုက်ခတ်မှု ရှိလာနေသည်။

အိန္ဒိယနိုင်၏ ပဲရည်ညွှန်ဈေး သတ်မှတ်မည်ဟု သတင်းများကြောင့် ပို့ကုန်ပဲစင်းငုံ တစ်အိတ် အမြင့်ဆုံးဈေး ငွေကျပ် ၄၂၀၀၀၀ ထိ ပေါက်ဈေးရှိရာမှ တစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀ ထိဈေးကျဆင်းသွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂၂) ရက်တွင် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊  ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၆၆၀၀၀ ပေါက်ဈေး ဖြစ်လာပြီး ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေပြီး ဖေဖော်ဝါရီလ (၂၂) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၇၀၀၀၊ ကုလားပဲ  V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊  ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၅၉၀၀၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ်  ၃၃၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၁၀၀၀၊ မြေပဲအနီ လုံးဆံ(မြင်းမူ)တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀-၈၇၀၀ ပေါက်ဈေးရှိနေကြောင်း ကုန်စည်ဒိုင်များမှ ဖော်ပြထားသည့် ဈေးနှုန်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here