ဆန်တန်ချိန် (၂)သန်းနီးပါးတင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ဝင်ငွေ ရရှိရန်ခန့်မှန်းထား

0
163

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၂) သန်းနီးပါးတင်ပို့ရန် လျာထားပြီး အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ဝင်ငွေရရှိရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာ့ဆန်များကို ဥရောပဈေးကွက်မှ အဓိကဝယ်ယူခြင်းဖြစ်ပြီး အိမ်နီချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်စသည့် နိုင်ငံများကိုလည်း ကောင်းမွန်သည့်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ဆန် တင်ပို့ရာတွင် တန်ချိန်များများ တင်ပို့ခြင်းထက် ဝင်ငွေပိုရသည့် ဆန်ကွဲ၊ ဆန်ဖြူနှင့်ပေါင်းဆန်အပါအဝင် တန်ဖိုးမြင့် ဆန်များကို ဦးစားပေးတင်ပို့ရောင်းချနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

လက်ရှိဘဏ္ဍာနှစ်တွင်လည်း ပြည်တွင်း၌ ဆန်ဈေးကွက်တည်ငြိမ်စေရန်အတွက် ကျန်ရှိနေသည့်ကာလအတွင်း ပြည်ပဆန်တင်ပို့မှုလျှော့ချသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ငွေလဲနှုန်းမူဝါဒကြောင့် ပို့ကုန်တင်ပို့သူများအတွက် တွက်ချေမကိုက်သဖြင့် တင်ပို့မှုလျော့ကျခဲ့သည်။

ထို့ပြင် ပုံမှန်အားဖြင့် ပြည်ပသို့နှစ်စဉ်တန်ချိန် ၂ ဒသမ ၁ သန်းတင်ပို့လေ့ရှိသော်လည်း ယခုဘဏ္ဍာနှစ်တွင် တန်ချိန် တစ်သန်းကျော်သာ တင်ပို့နိုင်တော့မည်ဖြစ်ပြီး ဝင်ငွေအား ဖြင့် သန်း ၇၀၀ ဝန်းကျင်ရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here