(၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့အား မွန်ပြည်နယ်တစ်ဝန်းကျင်းပ

0
205

ယနေ့ ဖေဖော်ဝါရီ (၂၅)ရက်တွင် ကျရောက်သည့် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားများကို မွန်ပြည်နယ်တစ်ဝန်း၌ စည်ကားစွာကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် မွန်အမျိုးသားနေ့ အခမ်းအနား ဗဟိုအဆင့်အား မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပေးပို့သည့် သဝဏ်လွှာအား အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။

မွန်အမျိုးသားနေ့ ပျော်ပွဲရွှင်ပွဲများနှင့် မွန်ရိုးရာ အဆို၊ အကပြိုင်ပွဲများကို ယမန်နေ့ ဖေဖော်ဝါရီ (၂၄) ရက် ညပိုင်းမှစတင်ကာ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မွန်အမျိုးသားနေ့ မြို့နယ်အဆင့် အခမ်းအနားများကိုလည်း ရေးမြို့နယ် တောင်ဘုံကျေးရွာ၊ သံဖြူဇရပ်မြို့၊ မုဒုံမြို့နယ် ကမာဝက်မြို့၊ ကျိုက်မရောမြို့၊ မော်လမြိုင်မြို့၊ ပေါင်မြို့နယ် ဇင်းကျိုက်မြို့၊ တနသာ်ရီတိုင်း ရေဖြူမြို့နယ်တို့တွင်လည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ထို့အပြင် မွန်တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင်လည်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

” ‌ဒီနေ့တော့ ပျော်ပွဲရွှင်ပွဲနဲ့ အကပြိုင်ပွဲတွေ ညပိုင်းအထိ လုပ်မှာပါ။ မနက်ဖြန်တောပြိုင်ပွဲတွေကနေဆုရသူတွေကို ချီးမြှင့်ပွဲလုပ်သွားမယ်လို့ သိရတယ်။ မွန်ရိုးရာအဆို၊ အကပြို င်ပွဲပါတယ်။ ဘောလုံးပွဲ ပါတယ်”ဟု မော်လမြိုင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

မွန်အမျိုးသားနေ့အား ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မွန်အမျိုးသားညီလာခံ၏ ဆုံးဖြတ်ချက်အရ ၁၉၄၇ ခုနှစ်မှ စတင်ကာ နှစ်စဉ် ဖေဖော်ဝါရီ (၂၅) အား မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here