အထက်လွှတ်တော်အမတ်နေရာအတွက် ဟွန်ဆန် နိုင်ငံရေးမျက်နှာစာသို့ ပြန်ရောက်လာ

0
176
Member of parliament and Cambodia's former prime minister Hun Sen shows his inked finger after voting at a polling station during the Senate election in Takhmao city, Kandal province on February 25, 2024. (Photo by TANG CHHIN Sothy / AFP)

ကမ္ဘောဒီးယားအောက်လွှတ်တော် အမတ်တွေနဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေဟာ အထက် လွှတ်တော်အမတ်နေရာတွေအတွက် တနင်္ဂနွေနေ့မှာ မဲပေးမှုပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကလည်းအထက်လွတ်​တော်အမတ်အဖြစ် နိုင်ငံရေးလောကထဲ တရားဝင်ပြန်ရောက်လာမယ့်ခြေလှမ်း စတင်ခဲ့ပါတယ်။

လောက်လောက်လားလား ပြိုင်ဘက်မရှိခဲ့တဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရွေးကောက်ပွဲအပြီးမှာ နိုင်ငံကို ဆယ်စုနှစ်လေးခုနီးပါးကြာ အုပ်ချုပ်ခဲ့တဲ့ ဟွန်ဆန်က သူ့ရဲ့ သားအကြီးဖြစ်သူ ဟွန်မာနက်ကို အာဏာလွှဲပေးခဲ့ပါတယ်။

အာဏာရပါတီ အကြီးအကဲဖြစ်သူ အသက် ၇၁ နှစ်အရွယ် လွှတ်တော်အမတ် ဟွန်ဆင်ဟာ နိုင်ငံရဲ့ အထက်လွှတ်တော်အမတ်နေရာအတွက် တနင်္ဂနွေနေ့ မနက်ပိုင်းက Takhmao မြို့ရှိ သူ့အိမ်အနီးက မဲရုံမှာ မဲပေးခဲ့ကြောင်း သိရပါတယ်။

ဘုရင် နိုင်ငံရပ်ခြား ရှိနေချိန်မျိုးမှာ နိုင်ငံခေါင်းဆောင်အဖြစ် ထမ်းဆောင်ခွင့်ရှိတဲ့ အထက် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာဖို့ သူရည်ရွယ်ထားတယ်လို့ ဟွန်ဆန်က ပြောဆိုပါတယ်။ အထက်ပါ မဲရုံမှာပဲ မဲပေးခဲ့သူဖြစ်တဲ့ အုပ်ချုပ်ရေးကောင်စီဝင် Chhim Vanarith ကတော့ ဟွန်ဆန် ဥက္ကဋ္ဌဖြစ်လာမယ့်အရေးကို ကြိုဆိုတယ်လို့ ဆိုခဲ့ပါတယ်။

“သူသာ အထက်လွှတ်တော်ကို ဦးဆောင်ခဲ့ရင် ကျွန်တော်တို့နိုင်ငံ အနာဂတ် ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းလာမှာပါ” လို့ ၎င်းက AFP ကို ပြောဆိုခဲ့ပါတယ်။

အထက်လွှတ်တော် အမတ်နေရာအတွက် ဟွန်ဆန်ရဲ့ အာဏာရပါတီ CPP အပါအဝင် ပါတီလေးခုက ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

အထက်လွှတ်တော်အမတ်နေရာ ၆၂ နေရာအနက် ၅၈ နေရာကို အမျိုးသားလွှတ်တော် (အောက်လွှတ်တော်) အမတ် ၁၂၅ ဦးနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးကောင်စီဝင် ၁၁၀၀၀ ကျော်က မဲပေးရွေးချယ်ကြမှာဖြစ်ပြီး နောက်နှစ်နေရာကို ဘုရင် Norodom Sihamoni က ခန့်အပ်မှာဖြစ်ကာ ကျန်နှစ်နေရာကိုတော့ အောက်လွှတ်တော်က ရွေးချယ်ခန့်အပ်မှာဖြစ်ကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here