အမေရိကန်နှင့် ဗြိတိန်တို့ ယီမင်ကို ထပ်မံ တိုက်ခိုက်

0
187

အမေရိကန်နှင့် ဗြိတိန်တို့သည် ယီမင်နယ်မြေအား လေးကြိမ်မြောက် တိုက်ခိုက်မှုကို စနေနေ့က ပြုလုပ်ခဲ့ကြောင်း အမေရိကန် စစ်ဌာနချုပ်က ပြောကြားခဲ့သည်။

“ဖေဖော်ဝါရီ ၂၄ ရက် ယီမင်စံတော်ချိန် ည ၁၁ နာရီ ၅၀ ခန့်က ဗြိတိန်တပ်များနှင့်အတူ အမေရိကန် ဗဟိုကွပ်ကဲရေးတပ်များသည် သြစတြေးလျ၊ ဘာရိန်း၊ ကနေဒါ၊ ဒိန်းမတ်၊ နယ်သာလန်နှင့် နယူးဇီလန်နိုင်ငံတို့မှ ပံ့ပိုးကူညီမှုများဖြင့် ယီမင်နိုင်ငံအခြေစိုက် ဟူသီတို့ကို တိုက်ခိုက်ခဲ့သည်။ ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီတပ်များထိန်းချုပ်ထားသော နယ်မြေများရှိ ပစ်မှတ်များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများသည် ဟူသီတို့က နိုင်ငံတကာ ကုန်သည်သင်္ဘောများနှင့် ဒေသတွင်း ရေတပ်သင်္ဘောများကို တိုက်ခိုက်ခဲ့ခြင်းအတွက် ဘက်ပေါင်းစုံမှ မဟာမိတ်အဖွဲ့များက တန်ပြန်တိုက်ခိုက်ခြင်းဖြစ်သည်” ဟု အမေရိကန် စစ်ဌာနချုပ်က X တွင် ဖော်ပြထားသည်။

ပစ်မှတ်များတွင် ဟူသီများသည် မြေအောက်လက်နက်သိုလှောင်ရုံများ၊ ဒုံးကျည်သိုလှောင်ရုံများ၊ တိုက်ခိုက်ရေးဒရုန်းများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ရေဒါများနှင့် ရဟတ်ယာဉ်များ ပါဝင်သည်။

ယခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ယနေ့အထိ ယီမင်ကို အမေရိကန်နှင့် ဗြိတိန်စစ်လေယာဉ်များက တိုက်ခိုက်မှု ၂၇၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဟူသီခေါင်းဆောင် Abdul Malik al-Houthi က ပြောသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခများ ပြင်းထန်လာပြီးနောက် ဟူသီလက်နက်ကိုင်အဖွဲ့က ၎င်းတို့သည် အစ္စရေးပိုင်နက်ကို တိုက်ခိုက်ကာ ပင်လယ်နီနှင့် Bab al-Mandab ရေလက်ကြားတို့ကို ဖြတ်သန်းသွားလာခွင့်များကို တားဆီးသွားမည်ဟု ပြောကြားခဲ့သည်။ ဟူသီတို့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလလယ်ကတည်းကပင်လျှင် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ကိုဖြတ်သန်းသွားလာသည့် အရပ်ဘက်သင်္ဘော ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီ ၁၂ ရက်က အမေရိကန်နှင့် ဗြိတိန်လေယာဉ်များ၊ ရေတပ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများသည် ယီမင်နိုင်ငံ ဒေသအချို့ရှိ ဟူသီတို့၏ စခန်းနေရာများကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သည်။ ပစ်မှတ်များတွင် ဟူသီတို့၏ ဒုံးကျည်စခန်းများနှင့် ဒရုန်းများကို ပစ်လွှတ်သည့်နေရာများ၊ ရေဒါစခန်းများပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here