ရုရှားနှင့် စစ်ပွဲအတွင်း ယူကရိန်းစစ်သည် ၃၁၀၀၀ ကျဆုံးခဲ့ပြီဖြစ်ကြောင်း ဇယ်လင်စကီး ပြောကြား

0
153
Ukraine's President Volodymyr Zelensky attends a press conference during the "Ukraine Year 2024" forum in Kyiv on February 25, 2024, marking the second anniversary of the Russian invasion of Ukraine. (Photo by Sergei SUPINSKY / AFP)

ရုရှား-ယူကရိန်း စစ် စတင်ချိန်ကနေ လက်ရှိ စစ်ပွဲ ၂ နှစ်ပြည့်မြောက်သွားချိန်အထိမှာ ယူကရိန်းစစ်သည် ၃၁၀၀၀ အထိ ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ တနင်္ဂနွေနေ့မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ပြောဆိုပါတယ်။

ဒီအရေအတွက်ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အစိုးရအဖွဲ့က ခန့်မှန်းပြောဆိုခဲ့တာထက် ပိုနည်းတယ်လို့လည်း ဇယ်လင်စကီးက ဆိုပါတယ်။

“ဒီစစ်ပွဲမှာ ယူကရိန်းစစ်သည် ၃၁၀၀၀ ကျဆုံးခဲ့ပါပြီ။ ၃၀၀,၀၀၀ မဟုတ်သလို ၁၅၀,၀၀၀ လည်းမဟုတ်ပါဘူး။ ပူတင်နဲ့ သူ့ရဲ့ လှည့်စားတဲ့ အသိုင်းအဝိုင်းက လိမ်ညာနေသလိုတော့ မဟုတ်ပါဘူး။ မည်သို့ဆိုစေ ဆုံးရှုံးမှုတစ်ခုချင်းစီတိုင်းက မိမိတို့အတွက် ကြီးမားတဲ့ စွန့်လွှတ်အနစ်နာခံခဲ့မှုတွေချည်းပဲဖြစ်ပါတယ်” လို့ ကိဗ်မှာပြုလုပ်တဲ့ “Ukraine, Year 2024” ဖိုရမ်မှာ ဇယ်လန်းစကီးက ပြောဆိုခဲ့ပါတယ်။

ဒဏ်ရာရ သို့မဟုတ် ပျောက်ဆုံး စစ်သည်အရေအတွက်နဲ့ ပတ်သက်လို့တော့ ထုတ်ဖော်ပြောကြားမှာ မဟုတ်ဘူးလို့ ယူကရိန်းခေါင်းဆောင်က ပြောဆိုပါတယ်။ ဒါ့အပြင် ယူကရိန်းရဲ့ သိမ်းပိုက်ခံနယ်မြေတွေမှာ အရပ်သား ထောင်ပေါင်းများစွာ ‌ေ-သဆုံးမှုရှိခဲ့ကြောင်း သို့သော်လည်း စစ်ပွဲပြီးတဲ့အထိတိုင် ဒီအတွက် တိကျသော ကိန်းဂဏန်းအရေအတွက် မရနိုင်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

ဒါဟာ ရုရှားက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ အလုံးစုံ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့ တပ်ဖွဲ့ဝင် ဆုံးရှုံးခဲ့မှု အရေအတွက်နဲ့ ပတ်သက်လို့ ကိဗ်ဘက်က ပထမဆုံးအကြိမ် အတည်ပြု ပြောဆိုလာခြင်းဖြစ်ပါတယ်။

ရုရှားဘက်ကတော့ ကျဆုံး စစ်သည်နဲ့ပတ်သက်လို့ နည်းပါးတဲ့ အရေအတွက်သာ တရားဝင်ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်အရ ကျဆုံး ရုရှားစစ်သည် ၆၀၀၀ ကျော်သာ ပြထားခဲ့ပေမယ့် အမေရိကန်နဲ့ ဗြိတိန်အရာရှိတွေရဲ့ အစီရင်ခံခဲ့မှုတွေအရတော့ ရုရှားစစ်သည် ကျဆုံးမှုဟာ သိသိသာသာ မြင့်မားနေခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလလယ်က အမေရိကန် ထောက်လှမ်းရေး အစီရင်ခံချက်တစ်ခုအရ ယူကရိန်းစစ်ပွဲမှာ ‌ေ-သဆုံး(သို့) ဒဏ်ရာရ ရုရှားစစ်သည် ၃၁၅၀၀၀ ခန့်ရှိတယ်လို့ ခန့်မှန်းဖော်ပြခဲ့ပါတယ်။ ဒီအချက်သာ တိကျမှန်ကန်တယ်ဆိုရင် အဆိုပါ ကိန်းဂဏန်းဟာ အကြမ်းအားဖြင့် စစ်မဖြစ်ခင်က ရုရှားနိုင်ငံရှိ တပ်ဖွဲ့ဝင် ၃၆၀,၀၀၀ ခန့်ရဲ့ ၈၇ ရာခိုင်နှုန်းကို ကိုယ်စားပြုတယ်လို့ အစီရင်ခံစာက ဆိုခဲ့ပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here