ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်၊ ကရင်ပြည်နယ်တို့တွင် နေ့အပူချိန်များ သိသိသာသာ တိုးလာနိုင်

0
158

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ဖေဖေါ်ဝါရီ (၂၇) ရက်မှ စတင်၍ နေ့အပူချိန်များ သိသိသာသာ တိုးလာနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးထားသည်။

ယင်းကဲ့သို့ နေ့အပူချိန်များ တိုးလာနိုင်သည့်အတွက် နေ့ခင်းပိုင်းတွင် အေးမြသည့် သစ်ရိပ်ဝါးရိပ်နှင့် အရိပ်ရသည့် နေရာများ၌ နေထိုင်ကြရန် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် အသိပေး ပြောဆိုထားခြင်း ဖြစ်သည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် နေ့အပူချိန်များ သိသိသာသာတိုးလာနိုင်ကြောင်း မိုးလေဝသကြိုတင်ခန့်မှန်းရေး Model များတွင် တွေ့ရသည်ဟု ၎င်းက ဆိုသည်။

ညအပူချိန်များအနေဖြင့် ဆက်လက်၍ အအေးနေပိုနေမည်ဖြစ်ပြီး လာမည့် မတ်လဆန်းအထိ နေ့အပူချိန်များ လွန်လွန်ကဲကဲတိုးလာနိုင်ဦးမည် မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် နေ့အပူချိန်တိုးလာပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်လာမည့် ပြည်နယ်နှင့် တိုင်းများတွင် အပူဒဏ်ကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုများကို သတိထားကြရမည် ဖြစ်သောကြောင့် နေ့လည်နေ့ခင်းများတွင် အေးမြသည့် သစ်ရိပ်ဝါးရိပ် အရိပ်ရနေရာများတွင် နေထိုင်ကြရန် ချွေးထွက်လွန်ခြင်းကို သတိထားကြရန် နီးစပ်ရာ ဝိုင်းဝန်းအသိပေးကြရမည်ဟု ဦးဝင်းနိုင်က အသိပေး ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here