နယ်စပ်မှတဆင့်ကုန်စည်တင်သွင်းပါက သွင်းကုန်လုပ်ထုံးလုပ်နည်းများအတိုင်း လိုင်စင်ရယူဖို့လို

0
135

သတ်မှတ်နယ်စပ်မြို့ကို ဖြတ်ကျော်၍ ပြည်တွင်းသို့ ကုန်စည် တင်သွင်းမည်ဆိုပါက သွင်းကုန်လုပ်ထုံးလုပ်နည်းများအတိုင်း သွင်းကုန်လိုင်စင်ရယူခြင်း၊ အခွန်အရပ်ရပ် ပေးဆောင်ခြင်းများ ဆောင်ရွက်ရေးတို့ကို စိစစ်ကြပ်မတ်ရန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တာချီလိတ်မြို့ရှိ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) နှင့် (၂) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပို့ကုန်ကြေညာလွှာ (Export Declaration- ED)နှင့် သွင်းကုန်ကြေညာလွှာ (Import Declaration- ID) များ မှန်ကန်မှုရှိစေရေး ဌာနဆိုင်ရာ One-Stop-Service (OSS) အဖွဲ့များက စနစ်တကျ စိစစ်စစ်ဆေးရန်၊ နှင့် တရားမဝင် တင်ပို့၊ တင်သွင်းခြင်းများမရှိစေရေး အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ထို့အပြင် မဲ‌ခေါင်အပြည်ပြည်ဆိုင်ရာမြစ်တွင်းဆိပ်ကမ်း(ဝမ်ပုံ)၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မဲခေါင်မြစ်မှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းကို စစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေးနှင့် မှန်ကန်သည့်ကုန်သွယ်မှုဖြစ်စေရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရေးတို့လည်း ပါဝင်သည်။

အလားတူ ကျိုင်းလပ်ကုန်သွယ်ရေးစခန်းနှင့် မြန်မာ-လာအို ချစ်ကြည်ရေးတံတားရှိ Border Control Facility (BCF) ဂိတ်၌ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းလပ်(မြန်မာ) – ကျိုင်းခုတ်(လာအို) ချစ်ကြည်ရေးတံတားကို အသုံးပြု၍ မြန်မာ – လာအို နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်တဆင့်ခံ ဖြတ်သန်းကုန်သွယ်မှု (Transit Trade) တိုးတက် ဖြစ်ထွန်းရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့်ဒေသရှိ တိုင်းရင်းသား ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here