AICHR အစည်းအဝေးတွင်လူ့အခွင့်အရေး၊ လူကုန်ကူးမှု၊ ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ သတင်းတုသတင်းမှားများကိစ္စများပါဝင်ဆွေးနွေး

0
137

လာအိုနိုင်ငံ ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပသည့် (၃၈) ကြိမ်မြောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်က နိုင်ငံသားအားလုံး၏ အခွင့်အရေးများ ရရှိစေရေးနှင့် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီရေးတို့အတွက်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီ (၂၀)ရက်မှ ဖေဖော်ဝါရီ (၂၃) ရက်အထိ ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် လာအိုနိုင်ငံမှ AICHR ကိုယ်စားလှယ် H.E. Ambassador Yong Chanthalangsy က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံနိုင်ငံများမှ AICHR ကိုယ်စားလှယ်များ၊ AICHR ကိုယ်စားပြု ပုဂ္ဂိုလ်များ၊ AICHR ကိုယ်စားလှယ်၏ လက်ထောက်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ အာဆီယံအတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုများ၊ AICHR ၏ အဖွဲ့အစည်း ဆိုင်ရာကိစ္စများ၊ AICHR ၏ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွက် ဦးစားပေး လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်မှုအခြေအနေနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေး ကိစ္စ၊ လူကုန်ကူးမှုကိစ္စ၊ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု၊ မသန်စွမ်းပုဂ္ဂိုလ်များ၏ အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက်နှင့် ဆက်စပ်လျက် လူ့အခွင့်အရေးနှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ သတင်းတုသတင်းမှားများကိစ္စနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးကာလအတွင်း AICHR ကိုယ်စားလှယ်များနှင့် အာဆီယံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများ ရေးဆွဲရေးလုပ်ငန်းအဖွဲ့တို့၏ တတိယအကြိမ်မြောက် တွေ့ဆုံပွဲကို ကျင်းပခဲ့သည်။

ထို့အပြင် အာဆီယံ သဘာဝပတ်ဝန်းကျင် အခွင့်အရေးဆိုင်ရာ ဒေသတွင်း မူဘောင် (မူကြမ်း) ရေးဆွဲရာတွင် ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ကြပြီး AICHR က လုပ်ငန်းအဖွဲ့သို့ မူဘောင်ရေးဆွဲရေးနှင့် စပ်လျဉ်း၍ လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here