နွေရာသီ၌ ရုရှားက ယူကရိန်းသို့ ထိုးစစ်ဆင်လိမ့်မည်…..ဇလန်းစကီး

0
161

ကိဗ်၊ဖေဖော်ဝါရီ ၂၆

ရုရှားသည် ယခုနှစ်မေလ သို့မဟုတ် နွေရာသီခန့်တွင် ယူကရိန်းသို့ထိုးစစ်ဆင်လိမ့်မည် ဟု သမ္မတဇလန်းစကီးကပြောကြားခဲ့သည်။ သို့ဖြစ်၍ယူကရိန်းအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆက်လက်၍ယူကရိန်း သမ္မတဇလန်းစကီးက လာမည့်နှစ်လတွင် ပြုလုပ်လာနိုင်သည့် ရုရှား၏ အသစ်တဖန် တိုက်ခိုက်မှုများကြောင့် ယူကရိန်းနှင့် အနောက်မဟာမိတ်များသည် ရှေ့ဆက်၍စည်းလုံးညီညွတ်ရန်အရေးကြီးကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့သည်။

ရုရှားက ထိုးစစ်ဆင်လာမည်ဖြစ်ရာ ၎င်းတို့အနေဖြင့် အကောင်းဆုံးကြိုးစားပြင်ဆင်လျှက် ကာကွယ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သော်လည်း စစ်ပွဲစတင်ချိန်မှစ၍ လက်ရှိအချိန်အထိ ယူကရိန်းတပ်ဖွဲ့ဝင်ပေါင်း ၃၁,၀၀၀ ‌ေ-သဆုံးခဲ့ပြီဖြစ်သည်။

ရုရှား – ယူကရိန်းအရေးသည် နှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့်တိုင် အနိုင်အရှုံးပြတ်ပြတ်သားသားအဖြေမပေါ်သေးဘဲ ဆက်လက်တိုက်ပွဲဝင်နေကြရဆဲဖြစ်သည်။ အမေရိကနှင့် ၎င်း၏ အနောက်မဟာမိတ်များ၏ ထောက်ပံ့မှုကိုသာ အဓိကအားကိုးနေရသည့် ယူကရိန်းသည် စစ်ပွဲတွင်အနိုင်ရခြင်းရှိမရှိကို ယတိပြတ်မပြောနိုင်ပေ။

လက်ရှိအချိန်အထိလည်း ယူကရိန်းတပ်ဖွဲ့ဝင်ပေါင်း သုံးသောင်းကျော်ခန့်ကျဆုံးခဲ့ပြီးဖြစ်ကာ ဒဏ်ရာရရှိသူစာရင်းကိုမူ သမ္မတဇလန်းစကီးက ထုတ်ဖော်ပြောကြားရန်ငြင်းဆိုခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here