အဖွင့်ပွဲစဥ်တွင် ရှုံးပွဲကြုံခဲ့ရသည့် Burmese Ghouls

0
168

ပြည်တွင်း MLBB လောကတွင် အအောင်မြင်ဆုံးအသင်းဖြစ်သည့် Burmese Ghouls အသင်းသည် ရှရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် Games of the Future 2024 ပြိုင်ပွဲ အဖွင့်ပွဲစဥ်တွင် ရှုံးပွဲကြုံခဲ့ရကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂၆) ရက်မှ မတ်လ (၂) ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးအနေဖြင့် ပထမဆု အမေရိကန်ဒေါ်လာ ၃၅၀၀၀၀၊ ဒုတိယ အမေရိကန်ဒေါ်လာ ၁၆၀၀၀၀၊ တတိယ အမေရိကန်ဒေါ်လာ ၁၂ဝဝဝဝ၊ စတုတ္ထ အမေရိကန်ဒေါ်လာ ၇၀၀၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Games of the Future 2024 ပြိုင်ပွဲတွင် ကမ္ဘာတစ်ဝန်းမှ လက်‌ရွေးစင် အသင်းပေါင်း (၁၆) သင်း ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ပြီး (၄)သင်း (၄) အုပ်စုခွဲပြီး ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး Burmese Ghouls အသင်းသည် Group (A) ၌ ရုရှားကိုယ်စားပြု Deus Vult ၊ အင်ဒိုနီးရှားကိုယ်စားပြု RRQ Hoshi ၊ မွန်ဂိုလီးယားကိုယ်စားပြု Team Lilgun တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

Burmese Ghouls အသင်းသည် ယမန်နေ့ညက အဖွင့်ပွဲစဥ်တွင် အိမ်ရှင် ရုရှားအသင်းဖြစ်သည့် Deus Vult အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၂) ပွဲဆက်ရှုံးနိမ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် Burmese Ghouls အသင်းသည် ရှုံးထွက်ပွဲစဉ်အဖြစ် မွန်ဂိုလီးယားကိုယ်စားပြု Team Lilgun နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here