တာချီလိတ်တွင် ငွေကျပ်သိန်း ၃၉၀၀ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) များ ဖ-မ်းဆီးရမိ

0
128

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၃၉၀၀ ကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖ-မ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ (၂၃)ရက် ည (၇) နာရီအချိန်က သတင်းအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအနီးတွင် မိုင်းဆတ်မှ တာချီလိတ်သို့ စိုင်းချစ်ဦးဝေ မောင်းနှင်ပြီး စိုင်းညွန့်ရွှေ လိုက်ပါလာသည့် ISUZU အမျိုးအစား Box Truck မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိ န်း ၃၉၀၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၉ ကီလို သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုင်းခမ်းလှ၊ စိုင်းပီး နှင့် စိုင်းစံထွန်း(ခ) စိုင်းထွန်း (ခ) နောင့်ထွန်း တို့အား CROWN မော်တော်ယာဉ်တစ်စီးနှင့်အတူ အဆိုပါနေ့ ည (၇) နာရီခွဲအချိန်တွင် ထပ်မံဖ-မ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထပ်မံစစ်ဆေးချက်အရ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာရှိ ဖ-မ်းမိတရားခံ စိုင်းစံထွန်း(ခ) စိုင်းထွန်း(ခ)နောင့်ထွန်း ၏ နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀ ဂရမ် ထပ်မံဖ-မ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိကာ ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here