နိုင်ငံအရှေ့ပိုင်းရှိရွာမှ ဆုတ်ခွာပေးလိုက်ရကြောင်း ယူကရိန်းစစ်တပ်အတည်ပြု

0
141

ကိဗ်၊ဖေဖော်ဝါရီ ၂၆

ယူကရိန်းစစ်တပ်သည် နိုင်ငံအရှေ့ပိုင်းရှိ Lastochkyne ရွာမှ ဆုတ်ခွာခဲ့ရကြောင်း အတည်ပြုခဲ့ပြီး အဆိုပါဆုတ်ခွာမှုသည် ရုရှားတပ်ဖွဲ့များ၏ အနောက်ဘက်သို့ ဆက်တိုးလာနေခြင်းအား ရပ်တန့်လိုက်နိုင်စေမည်ဟုလည်း ဖေဖော်ဝါရီလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

Lastochkyne ရွာသည် ယခုလအစောပိုင်းက ယူကရိန်းလက်လွှတ်ခဲ့ရသော Avdiivka မြို့၏ အနောက်ဘက် နှစ်ကီလိုမီတာအကွာတွင်ရှိသောရွာတစ်ရွာလည်းဖြစ်သည်။

“ရန်သူကို နိုင်ငံအနောက်ဘက်ကို မချီတက်နိုင်စေဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကိုစုစည်းတဲ့အနေနဲ့ Lastochkyne ရွာကယူကရိန်းတပ်ဖွဲ့တွေ ဆုတ်ခွာသွားရတာပါ” ဟုလည်း စစ်တပ်ပြောရေး ဆိုခွင့်ရှိသူ Dmytro Lykhoviy က ရုပ်မြင်သံကြားမှတဆင့်ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးကမူ ရုရှား – ယူကရိန်းစစ် သုံးနှစ်သို့ဝင်လာချိန်၌ ကိဗ် နှင့် ၎င်း၏ အနောက်မဟာမိတ်များ ပိုမိုစည်းလုံးညီညွတ်ရန် အရေးကြီးကြောင်းနှင့် ယူကရိန်း၏အောင်ပွဲသည် အနောက်နိုင်ငံများ၏ ထောက်ပံ့မှုအပေါ် ဆက်လက်မှီခိုနေရကြောင်းလည်း တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here