မောင်းသူမပါသော အိန္ဒိယမှကုန်တင်ရထားကိစ္စ အာဏာပိုင်များစစ်ဆေးနေ

0
176

နူးဒေလီ၊ဖေဖော်ဝါရီ ၂၆

အိန္ဒိယနိုင်ငံ၌ မောင်းနှင်သူမပါဘဲ ကီလိုမီတာ ၈၀ ခန့် အကွာအဝေးအထိ အရှိန်ပြင်းပြင်းခုတ်မောင်းသွားသည့် ကုန်တင်ရထားကိစ္စအား သက်ဆိုင်ရာ ရထားဝန်ကြီးဌာနမှ တာဝန်ရှိသူများက စတင်စစ်ဆေးနေပြီဖြစ်ကြောင်းသိရသည်။

လူမှုကွန်ရက်ပေါ်တွင်တက်လာသော ဗီဒီယိုထဲ၌မူ ကျောက်ခဲများတင်ထားသည့် အတွဲ ၅၃ တွဲပါကုန်တင်ရထားတစ်စင်းသည် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ကသုဝါမြို့တွင် ရပ်တန့်ထားပြီး ဝန်ထမ်းအပြောင်းအလဲ လုပ်စဉ် အရှိန်ပြင်းပြင်းနှင့်ထွက်သွားခြင်းဖြစ်ကြောင်းသိရသည်။

အတည်မပြုရသေးသော်လည်း ကနဦးသုံးသပ်ချက်များအရ ဝန်ထမ်းအပြောင်းအလဲ လုပ်ချိန်တွင် ရထားမောင်းသူသည် လက်ဆွဲ ဘရိတ်ခ်ဆွဲရန်မေ့လျော့ခဲ့ခြင်းမျိုးဖြစ်နိုင်ကြောင်းလည်း သုံးသပ်ဖော်ပြထားသည်။ ရထားအရှိန်ပြင်းပြင်းနှင့်ထွက်သွားသည်ကို တားနိုင်ရန် ရထားလမ်းပေါ်၌ သစ်သားတုံးများအား ချထားခဲ့ရကြောင်းလည်းသိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရပြီး ‌ေ-သဆုံးသူမရှိကြောင်း အာဏာပိုင်များကဆိုခဲ့ပြီး လောလောဆယ်တွင် ရထားလမ်းအရာရှိခြောက်ဦးအား တာဝန်မှရပ်ဆိုင်းထားကြောင်းသိရကာ ယခုမတော်တဆမှုအတွက် အသေးစိတ်စုံစမ်းမှုများလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

Source : Yahoo


LEAVE A REPLY

Please enter your comment!
Please enter your name here