ပြည်မြို့ – နဝဒေး လမ်းမပေါ် တံတားလမ်းဆုံအဆင်းတွင် ကားနှင့် ဆိုင်ကယ်တို-က်မှုဖြစ်ပွားရာ (၂) ဦး ထိခိုက် ဒဏ်ရာရ

0
112

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့၊ နဝဒေးလမ်းမပေါ်၊ တံတားလမ်းဆုံအဆင်းတွင် ကားနှင့် ဆိုင်ကယ်တို-က်မှုဖြစ်ပွားရာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) မှ သိရသည်။

ပြည်မြို့၊ နဝဒေးလမ်းမပေါ်၊ တံတားလမ်းဆုံအဆင်းတွင် ဖေဖော်ဝါရီ(၂၆)ရက်က ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ ဒဏ်ရာရလူနာများရှိသဖြင့် အရေးပေါ် လာရောက် ကူ ညီပေးပါရန် ဆက်သွယ် အကြောင်းကြားသဖြင့် သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာတွင် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး ဦးခေါင်းကွဲ၊ ခြေခုံအရေပြားလန် သွေ-းထွက်ဒဏ်ရာရရှိခဲ့ရာ မြေပြင်အရေးပေါ်ဆေးကုသပေး၍ ဆေးကုသမှုခံယူရန် ပြည်မြို့ ကုတင် (၅၀၀) ဆေးရုံကြီး အရေးပေါ်ဌာနသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) ပရဟိတပါရမီမှ အရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here