မြို့ကြီး (၁၉) မြို့၌ ခရီးသွား (၈၀၀၀)ကျော်ကို စစ်တမ်းကောက်ယူထား

0
90

ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရန်အတွက် မြို့ကြီး (၁၉) မြို့၌ ပြည်တွင်း၊ ပြည်ပ ခရီးသွား (၈၀၀၀)ကျော်ကို ခရီးသွားစစ်တမ်းကောက်ယူမှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အဆိုပါ ခရီးသွားစစ်တမ်းကောက်ယူခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်ကစတင်ပြီး ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လည်ပတ်သွားလာလေ့ရှိသည့် နေရာများ၊ ခရီးစဉ်ဒေသများ၊ နယ်စပ်ဝင်ထွက်ဂိတ်များ၊ လေဆိပ်များနှင့် ရထားဘူတာရုံများစသည့်နေရာများတွင် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းခရီးသွား ၇၀၀၀ ကျော်နှင့် ပြည်ပခရီးသွား ၁၃၀၀ ကျော်ကို စနစ်တကျစစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းခရီးသွားများကို စစ်တမ်းကောက်ယူရာတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ မော်လမြိုင်၊ တောင်ကြီး၊ စစ်ကိုင်း၊ ကော့သောင်း၊ ပုဂံ၊ ပြင်ဦးလွင်၊ ကျိုက်ထို၊ သံတွဲ၊ ကလော၊ မူဆယ်၊ တာချီလိတ်၊ ချောင်းသာ၊ ငွေဆောင်နှင့်ဘားအံမြို့များတွင်လည်းကောင်း ပြည်ပခရီးသွားများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ကော့သောင်း၊ မြဝတီ၊ မူဆယ်နှင့်တာချီလိတ်စသည့် ဒေသများတွင် ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here