ဈေးကွက်အတွင်း၌ ကြက်သွန်နီ တစ်ပိဿာ ၄၀၀၀ ကျပ် နီးပါးအထိ မြင့်တက်လာ

0
160

ပြီးခဲ့သည့် ဇန်နဝါရီလက တစ်ပိဿာ ၃၂၀၀ ကျပ်သာရှိခဲ့သည့် ကြက်သွန်နီဈေးနှုန်းမှာ လက်ရှိတွင် တစ်ပိဿာ ၄၀၀၀ကျပ် နီးပါးအထိ မြင့်တက်လာနေသည်။

ယခုကဲ့သို့ ကြက်သွန်နီဈေးနှုန်းမြင့်တက်ရခြင်းမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုအပြင် သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

” ကြက်သွန်တွေက နယ်ဘက်တွေကနေ ရန်ကုန်ကိုဆင်းလာရတာ။ ဆီဈေးမြင့်နေတာကြောင့်ရယ် တခြားသယ်ယူပို့ဆောင်စရိတ်တွေက မြင့်လာတော့ ဈေးကတတ်နေတာ။ ပြည်ပကတော့ အဝယ်မရှိသေးဘူး” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ကြက်သွန်နီသည် ဈေးကွက်အတွင်း အဝင်နည်းနေသော်လည်း အရောင်းအဝယ်သွက်ပြီး ဈေးမြင့်တက်နေကြောင်း သိရသည်။

ကြက်သွန်ဈေးနှုန်းများအနေဖြင့် ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်တွင် အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် ၂၀၀၀ မှ ၄၀၀၀ ကျပ်အထိ ရှိကြောင်း သိရသည်။

မြန်မာကြက်သွန်ကို ဖီလစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ မလေးရှား၊ တရုတ်၊ ထိုင်းနှင့်ဘင်္ဂလားဒေ့်ရှ် နိုင်ငံတို့က ဝယ်ယူနေပြီး ကိုဗစ်မတိုင်ခင် တနှစ်လျှင် ပျဉ်းမျှကြက်သွန်နီ တန်ချိန် (၈) သောင်းမှ (၁) သိန်းကျော်ထိ ပြည်ပတင်ပို့မှုရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီ ဧက ၁ ဒသမ ၇ သိန်းကျော် စိုက်ပျိုးပြီး နှစ်စဉ် တန်ချိန် တစ်သန်းကျော် ထွက်ရှိကာ ပြည်ပတင်ပို့မှု အနေဖြင့်တနှစ်လျှင် တန်ချိန် တသိန်းဝန်းကျင်သာရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here