ဂူနီယာ ပင်လယ်ကွေ့တွင် ပြန်-ပေး-ဆွဲခံရသည့် မြန်မာသင်္ဘောသားများ ရန်ကုန်သို့ ပြန်လည်ရောက်ရှိ

0
200

၂၀၂၄ နှစ်စပိုင်းတွင် ဂူနီယာပင်လယ်ကွေ့၌ ပင်လယ်ဓ-ားပြများ၏ ပြန်-ပေး-ဆွဲခံခဲ့ရသည့် မြန်မာသင်္ဘောသားများ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF) ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ပြန်-ပေး-ဆွဲခံရသည့် Hana 1 သင်္ဘောပေါ်ရှိ မြန်မာသင်္ဘောသား (၈) ယောက်သည် ထိခိုက်မှုမရှိဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ပြီး အဆိုပါ သင်္ဘောသားများကို ပြန်လည်ရရှိရန် သင်္ဘောပိုင်ရှင်အနေဖြင့် ကြားခံဝန်ဆောင်မှုလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ဘူဂေးရီးယားနိုင်ငံပိုင် သင်္ဘောတစ်စင်း ယီမင်ကမ်းခြေအနီး အာရေဗျပင်လယ်အတွင်း ခုတ်မောင်းနေစဉ် ဆိုမာလီပင်လယ်ဓာ-းပြများက ပြန်-ပေး-ဆွဲခဲ့သည့်ဖြစ်စ‌ဉ်လည်း ဖြစ်ပွားခဲ့သည်။

ပြန်-ပေး-ဆွဲခံရသည့် အဆိုပါသင်္ဘောသည် တောင်ကိုရီးယားနိုင်ငံမှ ထွက်ခွာလာပြီး ဒီဇင်ဘာ (၄)ရက်တွင် စင်ကာပူနိုင်ငံ၌ ခေတ္တဆိုက်ကပ်ခဲ့ကာ တူရကီနိုင်ငံ ဂမ်လစ်မြို့တွင် နောက်ဆုံးဆိုက်ကပ်မည့် သင်္ဘောဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here