၂၀၂၂ ခုနှစ်တွင်စခဲ့သာ Bank of China ၏ ပညာသင်ထောက်ပံ့ကြေး စီမံကိန်း မှ ယခုနှစ်တွင်လည်း ပညာသင်ထောက်ပံ့ကြေး အယောက် ၁၀၀ ကို ပေးအပ်

0
132

ရန်ကုန်တက္ကသိုလ် ကျောင်းသားကျောင်းသူများအား Bank of China မှ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

အဆိုပါ Bank of China ၏ ရန်ကုန်တက္ကသိုလ် ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် ရန်ကုန်မြို့တွင်ကျင်းပခဲ့သည်။

ယင်း ပညာသင်ထောက်ပံ့ကြေး စီမံကိန်းကို ၂၀၂၂ ခုနှစ်တွ င် စတင်ဖော်ဆောင်ခဲ့ပြီး နှစ်စဉ် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူပေါင်း အယောက် (၁၀၀) ကို ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

တရုတ်-မြန်မာ ငွေရေးကြေးရေး အဖွဲ့အစည်းနှင့် ကုမ္ပဏီများသည် ဆက်လက် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်၍ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့အကျိုးစီးပွားမြှင့်တင်ရေးတွင် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှပါဝင်ရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing ကပြောကြားခဲ့သည်။

ထို့အပြင် လူငယ်ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရာတွင် လူတော်လူချွန်များဖြစ်လာစေရန် ကြိုးပမ်းလေ့လာသင်ယူပြီး တရုတ် – မြန်မာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် အဓိကအားအင်သစ်ဖြစ်လာရန် မျှော်လင့်ကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ တရုတ်ဘဏ်များနှင့် ကုမ္ပဏီများက မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် တက်တက်ကြွကြွအကျိုးထမ်းဆောင်ပေးမှုကို ချီးကျူးကြောင်း၊ Bank of China (ရန်ကုန်ဘဏ်ခွဲ) မှ တရုတ်ယွမ်ငွေဖြင့် ပေးချေမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊  မြန်မာနိုင်ငံသား အလုပ်သမားများ၏ လစာငွေလွဲရေးကိစ္စအား စမ်းသပ်ဖြေရှင်းပေးမှု၊ လူမှုရေးပရဟိတလုပ်ငန်းဆောင်ရွက်ရာတွင်ပါဝင်သည့် အခန်းကဏ္ဍများ စသည်တို့ကို များစွာချီးကျူးကြောင်း မြန်မာနိုင်ငံဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here