မတ္တရာမြို့နယ် မြေစွန်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင် (၁၈) ကောင် နေထိုင်ကျက်စားလျက်ရှိ

0
121

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် မြေစွန်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ ဧရာဝတီလင်းပိုင် (၁၈) ကောင် နေထိုင်ပြောင်းရွှေ့ကျက်စားလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင် ဦးခင်မောင်လေးကပြောသည်။

လက်ရှိအချိန်သည် ဧရာဝတီမြစ်အတွင်း ရေနည်းချိန်ကာလဖြစ်သည့်အတွက် ဧရာဝတီလင်းပိုင်များသည် နေရာပြောင်းရွှေ့၍ အုပ်စုလိုက်နေထိုင်ကျက်စားလျက်ရှိကြောင်းလည်း သိရသည်။

ယခင်က ဧရာဝတီလင်းပိုင်များသည် မင်းကွန်းဒေသအနီးတွင် နေထိုင်ကျက်စားလျက်ရှိပြီး ဖေဖော်ဝါရီ (၂၄) ရက်မှစ၍ မတ္တရာမြို့နယ်၊ မြေစွန်းကျေးရွာအနီးတွင် ဧရာဝတီလင်းပိုင်များ ပြောင်းရွှေ့နေထိုင်ကျက်စားလျက်ရှိကြောင်း သိရသည်။

” ဧရာဝတီမြစ်ရေက ကျဆင်းလာတာကြောင့် မြစ်အတွင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာဖြစ်တဲ့ မန္တလေးကနေ ကျောက်မြောင်းကြားမှာ နေထိုင်ကျက်စားနေတဲ့ ဧရာဝတီလင်းပိုင်တွေအနေနဲ့ အစာပေါများတဲ့ မတ္တရာမြို့နယ် မြေစွန်းကျေးရွာအနီးမှာ နေထိုင်ကျက်စားနေကြတာကို ဒေသခံတွေကတွေ့ခဲ့တာ”ဟု ၎င်းက ဆိုသည်။

အလားတူ ဧရာဝတီလင်းပိုင်များကိုကြည့်ရှု့ချင်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် လက်ရှိတွင် မတ္တရာမြို့နယ် မြေစွန်းကျေးရွာအနီးသွားရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here