နိုင်ငံ့ဝန်ထမ်းများ နိုင်ငံတော်အပေါ် သစ္စာစောင့်ထိန်းကြရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပြောကြား

0
67

နိုင်ငံဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်ထိန်းရန်၊ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအတွက်အချိန်ကို အကျိုးရှိစွာ အသုံးပြုကြရန် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖေဖော်ဝါရီ (၂၆) ရက်တွင် သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ နိုင်ငံရေးရာဦးစီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနများမှ ဝန်ထမ်းများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ လောကနတ်ခန်းမ၌ တွေ့ဆုံစဥ် ပြောကြားခဲ့သည်။

ယင်းသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် တပါးသူများအား ကူညီရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့်အညီ မှန်မှန်နှင့် မြန်မြန်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုနှင့် ကွပ်ကဲမှုသည် အရေးကြီးပြီး ယင်းကဲ့သို့ စီမံခန့်ခွဲမှုကောင်းမှသာ မူဝါဒချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မျှတမှု၊ မှန်ကန်မှု ရရှိမည်ဖြစ်ကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနများအလိုက် ဝန်ထမ်းများက လိုအပ်ချက်များနှင့် အကြံပြုချက်များကို တင်ပြရာ သက်ဆိုင်ရာ ဦးစီးဌာနများမှ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here