လူမှုကွန်ရက်များတွင် NETA ၏ ကိုယ်စားလှယ်အဖြစ် အယောင်ဆောင်ပြီး ကားများကို ရောင်းချနေဟုဆို

0
187

လူမှုကွန်ရက်များတွင် NETA ၏ ကိုယ်စားလှယ်အဖြစ် အယောင်ဆောင်ပြီး ကားများကို ရောင်းချနေသည်ကို တွေ့ရှိနေသဖြင့် မိဘပြည်သူများ သတိထားမိစေရန်နှင့် ဆုံးရှုံးနစ်နာမှုများ မဖြစ်စေရန်အတွက် Grand Sirius Co., Ltd. (Myanmar)မှ အသိပေးထုတ်ပြန်ထားသည်။

Grand Sirius Co., Ltd. (Myanmar) သည် NETA အမှတ်တံဆိပ်လျှပ်စစ်ကားများကို မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရောင်းချရန် NETA ကားများကို ထုတ်လုပ်သော Hozon New Energy Automobile Co., Ltd. (China) မှ တစ်ဦးတည်းကိုယ်စားလှယ် (Exclusive Distributor)အဖြစ်ပေးအပ်ထားသည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

ထို့ပြင် တစ်ဦးတည်း ကိုယ်စားလှယ်ခန့်အပ်သော သဘောတူညီမှုစာချုပ် (Exclusive Distributor Agreement)ကို CCPIT “China Council for the Promotion of International Trade” တွင် တရားဝင်မှတ်တမ်းတင်ထားသည့်အပြင် တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှ မှန်ကန်ကြောင်း အတည်ပြုပေးထားပြီး ဖြစ်သည်။

ယခုအခါ အယောင်ဆောင်ရောင်းချနေမှုများရှိနေ‌ပြီး အဆိုပါ အယောင်ဆောင်သူများသည် NETA ၏ ကိုယ်စားလှယ်အဖြစ် စာရွက်စာတမ်းအတုပြုလုပ်ပြီး ရောင်းချမှုရှိလာပါက Grand Sirius Co., Ltd. (Myanmar) မှ တာဝန် လုံးဝ (လုံးဝ) ယူမည်မဟုတ်ကြောင်း နှင့် အယောင်ဆောင်သူများအားလုံးကို တရားဥပဒေအရ ရင်ဆိုင်သွားမည်ဖြစ်ကြောင်းကို ထပ်ဆင့် အသိပေးထားသည်။

NETA ၏ နိုင်ငံအလိုက် ခန့်အပ်ထားသော တရားဝင်ကိုယ်စားလှယ်များကို Website နှင့် Email များတွင် တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here