CBM က အမေရိကန်ဒေါ်လာ ၁၀ သန်းထပ်မံထုတ်ရောင်းပေး

0
142

နိုင်ငံခြားငွေ ဆက်တိုက်နီးပါးထုတ်ရောင်းလာသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ယနေ့ ဖေဖော်ဝါရီ (၂၇) ရက်တွင်လည်း အမေရိကန်ဒေါ် လာ ၁၀ သန်းထပ်မံ ထုတ်ရောင်းပေးခဲ့သည်။

ယခုရက်ပိုင်းတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃၆၀၀ ကျပ် ကျော်အထိ မြင့်တက်နေပြီး ဗဟိုဘဏ်အနေဖြင့် ထိန်းညှိလိုသည့်အတွက်ဒေါ်လာများထုတ်ရောင်းပေးနေခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ဖေဖော်ဝါရီ (၂၆) ရက်၌ အမေရိကန်ဒေါ်လာ (၈) သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ကို ထုတ်ရောင်းပေးထားပြီး ဖေဖော်ဝါရီလအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များကို (၉)ကြိမ်မြောက်ထုတ်ရောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းဒေါ်လာ ၁၃၁ နှင့် ထိုင်းဘတ်သန်း ၉၀၀ ကို တစ်လခွဲအတွင်းရောင်းချပေးထားကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ထို့ပြင် ဇန်နဝါရီ (၁) ရက်တွင် အမေရိကန်ဒေါ်လာ (၄) သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်းစနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here