မွန်ပြည်နယ် ကျိုက်ကော် – ဘီးလင်းကြားရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့်လမ်းကြောင်း ပိတ်ဆို့မှုဖြစ်

0
152

မွန်ပြည်နယ်၊ သထုံမြို့နယ် မိုးကောင်းကျေးရွာအနီး၊ ရန်ကုန် – မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၃၅/၇)နှင့်(၁၃၆/ဝ) ကြားရှိ မိုးကောင်းတံတားအား လက်နက်ကိုင်အဖွဲ့များမှ မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားမှာကျိုးကျပျက်စီးခဲ့ပြီး လမ်းကြောင်း ပြတ်တောက်သွားသဖြင့် ယာဉ်အမြောက်အများ ပိတ်မိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ မိုးကောင်းတံတားကို ယနေ့ဖေဖော်ဝါရီ (၂၈) ရက်၊ နံနက် (၃) နာရီခွဲ အချိန်ခန့်က မိုင်းထောင်ဖောက်ခွဲခဲ့ကြခြင်းဖြစ်ပြီး နေအိမ်အချို့နှင့် ပြည်သူအချို့လည်း မိုင်းစထိမှန်ခဲ့ကြောင်းဒေသတွင်း သတင်းများအရ သိရသည်။

“ကျိုက်ကော် – ဘီးလင်းကြားက မိုးကောင်းတံတား ဖျက်ဆီးခံလိုက်ရတာ ကားလေးတွေက ရွာပတ်လမ်းကနေ သွားလို့တော့ ရတယ်ပေါ့နော်။ ကားကြီးတွေကတော့ သွားလို့မရသးဘူး”ဟု ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

အဆိုပါ လမ်းပိုင်းပြတ်တောက်သွားသည့်အတွက် ကားသေးအချို့မှာ ကင်းမွန်းချုံ- ကျွန်းလေး လမ်းမှပတ်ကာဖြတ်သန်းနေသော်လည်း ကားကြီးများမှာ သွားလာ၍ မရသေးကြောင်း ဒေသခံတို့က ဆိုသည်။

ဖြစ်စဉ်ကြောင့် လမ်းဘေးဘယ်ညာ နေအိမ် (၂) လုံး မိုင်းစထိမှန်ပျက်စီးပြီး ဒေသခံ တစ်ဦးမှာ လည်ပင်း ဗုံးစမှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သည့်အတွက် သထုံခရိုင်ဆေးရုံတွင် ဆေးကုသခံယူလျက်ရှိကြောင်း သိရသည်။

Photo – မိုးကောင်းလူမှုကယ်ဆယ်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here