ရှုခင်းသာလမ်းမကြီး (၅)ကွေ့မှတ်တိုင်အနီးတွင် အမျိုးသမီး တစ်ဦး ကားတိုက်ခံရ

0
139

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်း မကြီး၊ (၅) ကွေ့မှတ်တိုင်အနီးတွင် ကားတစ်စီးမှ အမျိုးသမီးတစ်ဦးအား တိုက်မိခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့မှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက်ရကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ဖေဖော်ဝါရီ (၂၇)ရက်၊ ည (၇)နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ရာတွင် အသက်(၅၀)ဝန်းကျင်ခန့် အမျိုးသမီးတစ်ဦးမှာ ခြေထောက်ထိခိုက်ဒဏ်ရာရရှိထားသည့် အတွက် မြေပြင်ကုသမှုပေးကာ ရှုခင်းသာလူမှုကူညီရေးအသင်းလူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here