ဒုတိယပွဲစဉ်တွင် နိုင်ပွဲရှာတွေ့ပြီး Play Off Stage Round 1 သို့တက်ရောက်သွားခဲ့သည့် Burmese Ghouls

0
213

ပြည်တွင်း MLBB လောကတွင် အအောင်မြင်ဆုံးအသင်းဖြစ်သည့် Burmese Ghouls အသင်းသည်
ရှရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် Games of the Future 2024 ပြိုင်ပွဲ ဒုတိယပွဲစဉ်တွင် နိုင်ပွဲရှာတွေ့ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဂါရီလ (၂၆) ရက်မှ မတ်လ (၂) ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးအနေဖြင့် ပထမဆု အမေရိကန်ဒေါ်လာ ၃၅၀၀၀၀၊ ဒုတိယ အမေရိကန်ဒေါ်လာ ၁၆၀၀၀၀၊ တတိယ အမေရိကန်ဒေါ်လာ ၁၂ဝဝဝဝ၊ စတုတ္ထ အမေရိကန်ဒေါ်လာ ၇၀၀၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Burmese Ghouls အဖွင့်ပွဲစဉ်တွင် အိမ်ရှင် ရုရှားအသင်းဖြစ်သည့် Deus Vult အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၂) ပွဲဆက်ရှုံးနိမ်ခဲ့ပြီး ဒုတိယ ပွဲစဉ်တွင် မွန်ဂိုလီးယားကိုယ်စားပြု Team Lilgun ကို (၂) ပွဲဆက် ပြန်လည်အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် Burmese Ghouls အသင်းသည် Group Stage ရဲ့ No.3 နေရာကိုရရှိခဲ့ပြီး Play Off Stage Round 1 တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

Games of the Future 2024 ပြိုင်ပွဲတွင် ကမ္ဘာတစ်ဝန်းမှ လက်‌ရွေးစင် အသင်းပေါင်း (၁၆) သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၄)သင်း (၄) အုပ်စုခွဲပြီး ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး Burmese Ghouls အသင်းသည် Group (A) ၌ ရုရှားကိုယ်စားပြု Deus Vult ၊ အင်ဒိုနီးရှားကိုယ်စားပြု RRQ Hoshi ၊ မွန်ဂိုလီးယားကိုယ်စားပြု Team Lilgun တိုနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here