ရုရှား အထူးတပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်သွားမည်ဟု ပူတင် ကတိပြု

0
216

ရုရှား အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုစွမ်းရည် တိုးမြှင့်သွားမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က တနင်္လာနေ့အနှောင်းပိုင်းမှာ ကတိပြုခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ စစ်တပ်အားကောင်းရေးလုပ်ဆောင်ရာမှာ အဓိကဦးစားပေးအရာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

မိမိတို့အနေနဲ့ အထူးစစ်ဆင်ရေး တပ်ဖွဲ့များကို ဆက်လက်အားကောင်းစေကာ ၎င်းတို့ရဲ့ ရွေ့လျားမှုနဲ့ တိုက်ခိုက်စွမ်းရည်ကို တိုးမြှင့်သွားမှာဖြစ်ပြီး မျိုးဆက်သစ် လက်နက် ကိရိယာတွေ တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၇ မှာ ကျရောက်မယ့် ရုရှားနိုင်ငံ အထူးစစ်ဆင်ရေးတပ်ဖွဲ့များနေ့ မတိုင်မီ ဂုဏ်ပြုစကားဆိုရာမှာ ပူတင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ရုရှား အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေဟာ ဗျူဟာမြောက်အဆင့် တိုက်ခိုက်ရေးအဖွဲ့တွေဖြစ်ပြီး၊ သီးခြားတာဝန်တွေကို ထမ်းဆောင်ဖို့ရာ ထူထောင်ထားတဲ့ အမြဲအသင့်ပြင်ထားသော တိုက်ခိုက်ရေးတပ်တွေဖြစ်ကာ ရုရှားတပ်မတော်ရဲ့ အစိတ်အပိုင်းတွေဖြစ်ကြပါတယ်။

အထူးတပ်တွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်က ဆီးရီးယားမှာ ရုရှားရဲ့ လျှို့ဝှက်ဆောင်ရွက်ချက်တွေအတွင်း ပါဝင်ခဲ့သလို “အထူးစစ်ရေး စစ်ဆင်မှု” လို့ ပူတင်က ခေါ်ဆိုတဲ့ ယူကရိန်း ကျူးကျော်စစ်စကတည်းက ပါဝင်ခဲ့တဲ့ တပ်တွေဖြစ်ကြောင်း သိရပါတယ်။

ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ရှိ အစိုးရအဆောက်အအုံတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ကို ရုံးပိတ်ရက်အဖြစ် ပူတင်က ၂၀၁၅ ခုနှစ်မှာ ကြေညာခဲ့ပြီး ယင်းအချိန်မှစကာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကို အထူးတပ်ဖွဲ့များနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Ref: U.S. News


LEAVE A REPLY

Please enter your comment!
Please enter your name here