အင်ဒို ရွေးကောက်ခံသမ္မတကို စစ်ဘက်ဆိုင်ရာ အမြင့်ဆုံး ဆုတံဆိပ် ချီးမြှင့်

0
124
President Joko Widodo (C) awards the honorary four-star general for Defence Minister Prabowo Subianto (R) during a meeting with high rank military and police officers at military headquarters in Jakarta on February 28 2024. - The agenda is to award honorary four-star general title to Prabowo Subianto, who is also strongest presidential candidate to replace Widodo. (Photo by BAY ISMOYO / AFP)

ရာထူးမှ ထွက်ခွာတော့မယ့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုဟာ ၎င်းရဲ့ နေရာကို ဆက်ခံမယ့် ရွေးကောက်ခံသမ္မတ အထူးတပ်ဖွဲ့ တပ်မှူးဟောင်း ပရာဘိုဝို ဆူဘီယန်တိုကို ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ ၂၈) မှာ နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ကြောင်း သိရပါတယ်။

တရားဝင်မဟုတ်သေးသော မဲစာရင်းတွေနဲ့ အမျိုးသား ရွေးကောက်ပွဲကော်မရှင်ရဲ့ ကနဦး မဲရလဒ်တွေအရ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပရာဘိုဝိုဟာ ဖေဖော်ဝါရီ ၁၄ ရက် ရွေးကောက်ပွဲမှာ ဆန္ဒမဲအရေအတွက် ၆၀ ရာခိုင်နှုန်းနီးပါး ရရှိခဲ့ကြောင်း သိရပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေအကြား စစ်တပ်မှ ထုတ်ပယ်ခံခဲ့ရအပြီး ဆယ်စုနှစ်များစွာအကြာမှာ ကြယ်လေးပွင့်အဆင့် ဂုဏ်ထူးဆောင် ဗိုလ်ချုပ်အဖြစ် ဂျကာတာရှိ စစ်ဋ္ဌာနချုပ်မှာ ဂျိုကိုဝီဒိုဒိုက အခမ်းအနားနဲ့ ချီးမြှင့်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဒီဂုဏ်ပြုမှုဟာ တန်ဖိုးထား အသိအမှတ်ပြုမှု ပုံစံတစ်ခုဖြစ်ပြီး တိုင်းပြည်နဲ့ ပြည်သူတွေအတွက် သစ္စာစောင့်သိမှုကို ထပ်လောင်းအတည်ပြုပါကြောင်းနဲ့ ဗိုလ်ချုပ်ကြီး ပရာဘိုဝို ဆူဘီယန်တိုအတွက် ဂုဏ်ယူကြောင်း ပြောလိုတယ်လို့ ဝီဒိုဒိုက ဆိုခဲ့ပါတယ်။

အရှေ့တီမောမှာ လူအခွင့်အရေး ချိုးဖောက်ခဲ့မှုတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၁၃ ဦး ပျောက်ဆုံးခဲ့မှုတွေမှာ ပါဝင်ပတ်သက်မှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်နေစဉ် ၁၉၉၈ ခုနှစ်မှာ စစ်တပ်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ တစ်ချိန်က စစ်တပ်ရဲ့ တက်သစ်စ ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့သူ ပရာဘိုဝို(၇၂ နှစ်) အတွက် ဒါဟာ ဆယ်စုနှစ်များစွာအကြာမှာ အထွဋ်အထိပ် ဆုတံဆိပ်ဖြစ်ခဲ့ပါတယ်။

သွားလေသူ အင်ဒိုနီးရှားသမ္မတ ဆူဟာတိုရဲ့ သားမက်ဟောင်းဖြစ်တဲ့ ပရာဘိုဝိုကတော့ သူ့အနေနဲ့ အမှားအယွင်းလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပေမယ့် ထိုစွပ်စွဲချက်တွေကြောင့် အမေရိကန်က သူ့ကို ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ဖူးပါတယ်။ သူ့အနေနဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တစ်ခါမှ တရားရင်ဆိုင်ခဲ့ရခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

U.S News


LEAVE A REPLY

Please enter your comment!
Please enter your name here